News

POST TYPE

FOREIGN AFFAIRS

ဆောင်ခရန် ရေသဘင်ပွဲတော်အကြို ဆင်များနှင့်လူများ ရေကစားနိုင်စေမည့် အခမ်းအနားတစ်ခု စီစဉ်ပေး
12-Apr-2017

ဘန်ကောက်၊ ဧပြီ ၁၂

ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် ဖရာနာခွန်ဆီ အယုဒ္ဓယခရိုင်ရှိ Wat Phra Ram တွင် ဆောင်ခရန် ရေသဘင်ပွဲတော် အကြိုအဖြစ် ဆင်များနှင့်လူများ ရေကစားနိုင်စေရန် စီစဉ်ပေးခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။

လူများနှင့် ဆင်များ ရေကစားစေခဲ့သည့် အခမ်းအနားကို လွန်ခဲ့သည့် ဧပြီလ ၁၁ ရက်နေ့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆင်များနှင့် ဆယ်လ်ဖီ ဓာတ်ပုံများ ရိုက်ကူးခြင်း၊ ရေကစားခွင့်ရခြင်းတို့ကို ကမ္ဘာလှည့် ခရီးသွားများက အထူးပင် စိတ်ဝင်စားခဲ့ကြသည်။

ဆေးရောင်စုံ ခြယ်သထားသည့် ဆင်များသည် လူများနှင့် အပြန်အလှန် ရေပက်ဖျန်း၍ ရေသဘင်ပွဲကို ဆင်နွှဲခဲ့ကြပြီး ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ကမ္ဘာလှည့်ခရီးသည် နိုင်ငံခြားသားပေါင်း များစွာက ယင်းရေသဘင်ပွဲတော်ကို စိတ်ဝင်တစားဖြင့် လာရောက်ခဲ့ကြကြောင်းလည်း Bankok Post သတင်းဌာနက ရေးသားထားသည်။

ဆင်များသည် ၎င်းတို့၏ နှာမောင်းများဖြင့် ရေများကို စုပ်ယူကာ လူများကို ရေပက်ဖျန်းခဲ့ပြီး လူများကလည်း ရေပုံး၊ ရေခွက်များဖြင့် ဆင်နှင့် ဆင်ဦးစီး ဖြစ်သူတို့ကို ပြန်လည် ရေလောင်းခဲ့ကြသည်။ ၂၀၁၇ ခုနှစ် ဆောင်ခရန် ရေသဘင်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့တွင် စတင် ကျင်းပမည်ဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့တွင် ပွဲတော်ပြီးဆုံးမည်ဖြစ်သည်။


  • VIA