News

POST TYPE

FOREIGN AFFAIRS

တောင်ဆူဒန်စစ်သားများ အရပ်သားများကို သတ်သည်ဟု သတင်းများထွက်
07-Apr-2017


ဂျူဘာ၊ ဧပြီ ၆

တောင်ဆူဒန်တပ်များက အရပ်သားများကို ပစ်ခတ်နေသည်ဟု ထွက်ပြေးလွတ်မြောက်လာသူများက နယ်ခြားဒေသတွင် ထွက်ဆိုကြကာ Reuters သတင်းဌာနက  ရရှိထားသော သတင်းများအရ သေဆုံးသူ ၁၇ ဦး ရှိသွားပြီဟု ဆိုသည်။

ထွက်ပြေးရန် ကြိုးစားကြသူများကိုပင် ပစ်ခတ်သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

လည်ပင်း အဖြတ်ခံရသူများရှိပြီး ကလေးများလည်း အသတ်ခံရသည်ဟု သတင်းများက ဖော်ပြထားသည်။

ထွက်ပြေးလာသော ဒုက္ခသည် ၃၀ဝ၀ ခန့်ကို ယူဂန္ဓာ နယ်မြေထဲတွင် နေရာပေးထားသည်။

တောင်ဆူဒန်သည် ကမ္ဘာပေါ်တွင် နောက်တန်း အကျဆုံးနိုင်ငံအဖြစ် အသတ်မှတ်ခံရခြင်းဖြစ်ကာ ယခုအခါ ပြည်တွင်းစစ်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေနေခြင်းဖြစ်သည်။

ဆူဒန် တပ်မတော်က အရပ်သားများကို သတ်ဖြတ်သည် ဆိုသောသတင်းကို အစိုးရက ငြင်းဆန်ထားပြီး ခိုလှုံနေသော ပြောက်ကျားများကို သုတ်သင်ခြင်းဖြစ်သည်ဟု အစိုးရက ဆိုထားသည်။

ယူဂန္ဓာနယ်စပ်ရှိ မြို့ငယ်တစ်မြို့ကို အစိုးရတပ်က ဝင်ရောက်မွှေနှောက်ရာမှ  ပြည်သူတစ်သောင်းခန့် တိမ်းရှောင်ထွက် ပြေးခဲ့ရသည်။

အရပ်သားများကို သတ်ဖြတ်နေ သည်ဆိုသော သတင်းများမှာ မမှန်ကန်ပါကြောင်း တောင်ဆူဒန်အစိုးရတပ် ပြောခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ဆန်တိုဒိုမစ်က ပြောကြားသည်။

သူပုန်တပ်များကသာ အရပ်သားများထံမှ လုယက် ယူငင်ကြခြင်းဖြစ်ကြောင်း၊ သူပုန်တပ်များကို လိုက်လံ ရှင်းလင်းခြင်းသာဖြစ်ကြောင်း ဗိုလ်မှူးကြီးက ရှင်းလင်း ပြောကြားသည်။

တောင်ဆူဒန်သည် ၂၀၁၁ ခုနှစ်တွင်  ဆူဒန်မှ ခွဲထွက်လာခဲ့ပြီး ပြည်တွင်းစစ်မီးကြောင့် နာလန် မထူနိုင်အောင် ဖြစ်နေရသည်။                             

F-02

  • VIA