News

POST TYPE

FOREIGN AFFAIRS

ထိုင်းနိုင်ငံ ဟွာဟင် အပန်းဖြေ ပင်လယ်ကမ်းခြေတွင် ဗုံးနှစ်လုံးဆင့် ပေါက်ကွဲ
12-Aug-2016
ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေမြို့ ဖြစ်သော ဟွာဟင်တွင် ကြာသာပတေးနေ့ ညပိုင်း၌ ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး လူ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု The Wall Street Journal မှ သိရသည်။

ထိုင်းနိုင်ငံတွင် လူထုသဘောမတူသည့် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပးခြင်း အပါအဝင် ထိုင်းတောင်းပိုင်း ပြည်နယ်များတွင် အခြားတိုက်ခိုက်မှုများ ဖြစ်ပေါ်လာပြီးနောက် တင်းမာမှုများ ရှိနေခဲ့သည်ဟု ရဲများမှ ဆိုသည်။

နိုင်ငံခြားသားများနှင့် ထိုင်းခရီးသွားများပါ သဘောကျသည့် ပင်လမ်းကမ်းခြေကို အဓိက ပစ်မှတ်ထားပြီး ဗုံးများ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပထမဗုံးကို ဒေသစံတော်ချိန် ည ၁၀ နာရီတွင် ဖောက်ခွဲခဲ့သည်ဟု သိရသည်။

နောက်မိနစ်နှစ်ဆယ်ကြာတွင် အမျိုးသမီးတစ်ဦး သေဆုံးမှုနှင့်အတူ နိုင်ငံခြားသားများစွာ ထိခိုက်ဒဏ်ရာ ရခဲ့သည့် ဒုတိယဗုံးကို ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

ဒဏ်ရာရသူများထဲတွင် အီတလီနိုင်ငံသား ငါးဦး၊ နယ်သာလန်နိုင်ငံသား သုံးဦးနှင့် ဂျာမာန်နိုင်ငံသား တစ်ဦးနှင့် သြစသြေးလျနိုင်ငံသား တစ်ဦးတို့ ပါဝင်သည်ဟု ရဲများထံမှ သိရသည်။ 

ကျန်သူများမှာ ထိုင်းလမ်းဘေးတွင် ဈေးရောင်းသူများ ဖြစ်သည်ဟု သိရသည်။

ဟွာဟင်ရဲချုပ် ဆမာယူဆန်ရန် တိုက်ခိုက်သူမှာ နိုင်ငံခြားသား ခရီးသွားများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 
“ခရီးသွားတွေ အများကြီး လာတဲ့နေရာပဲ။ လူတွေက ဘားနဲ့ စားသောက်ဆိုင်တွေက ထွက်လာတဲ့အချိန်မှာ ဗုံးကလည်း ပေါက်ကွဲသွားခဲ့တယ်” ဟု ဆိုသည်။

ဟွာဟင်းမြို့သည် ဘန်ကောက်မြို့နှင့် မိုင်းပေါင်း ၁၂၄ မိုင် အကွာတွင် ရှိသည်။

ဗုံးတစ်လုံးမှာ အလှဆင်ထားသည့် ပန်းအိုးအတွင်း ထောင်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိခိုက်ဒဏ်ရာ ရသူများအား ဟွာဟင်ဆေးရုံတွင် ကုသမှု ခံယူလျက်ရှိသည့် ပုံရိမ်များကို ပြည်တွင်းမီဒီယာတစ်ခုမှ ဖော်ပြသည်။

စုံစမ်းစစ်ဆေးသူများသည် ယခုအချိန်ထိတိုင် ဗုံးဖောက်ခွဲသူအား မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ဘယ်လိုဆောင်ရွက်သွားသည် ဆိုတာကို မသိသေးဟု ဆိုသည်။

ယခု ဗုံးပေါက်ကွဲမှုသည် သြဂုတ် ၂၀၁၅ က လူပေါင်း ၂၀ သေဆုံးပြီး လူများစွာ ထိခိုက်ဒဏ်ရာ ရခဲ့သည့် ဗုံပေါက်ကွဲမှုကတည်းက အဆိုးရွားဆုံး ဗုံးပေါက်ကွဲမှုလည်း ဖြစ်သည်။

Source: The Wall Street Journal