News

POST TYPE

FOREIGN AFFAIRS

အသက် ၄၀၀ ရှိ ဂရင်းလန်း ငမန်းတစ်ကောင် တွေ့ရှိ၊ ကျောရိုးရှိ သတ္တဝါများထဲတွင် အသက်အရှည်ဆုံးအဖြစ် မှတ်တမ်းဝင်
12-Aug-2016
ကိုပင်ဟေဂင်၊ သြဂုတ် ၁၂

အသက် ၄၀၀ ရှိ ဂရင်းလန်း ငမန်းတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်းနှင့် ယင်းငမန်းသည် လက်ရှိအချိန်တွင် ကမ္ဘာပေါ်ရှိ ကျောရိုးရှိ သတ္တဝါများထဲတွင် အသက်အရှည်ဆုံးအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ဒိန်းမတ် သိပ္ပံပညာရှင်များက ကြေညာခဲ့သည်။

ကိုပင်ဟေဂင်တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် ရေဒီယိုကာဗွန်နည်းဖြင့် စစ်ဆေးပြီး ငမန်း၏ အသက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ကာ ယင်းငမန်းသည် တစ်နှစ်လျှင် ၁ စင်တီမီတာခန့် ကြီးထွားကာ အသက် ၁၅၀ ရောက်မှ မျိုးပွားရန်အတွက် အရွယ်ရောက်ကြောင်းလည်း တွေ့ရှိခဲ့ကြသည်။

ယခုတွေ့ရှိသည့် ငမန်းမတိုင်ခင်က အသက်အရှည်ဆုံး ကျောရိုးရှိ သတ္တဝါအဖြစ် စံချိန်တင်ထားသည်မှာ ခန့်မှန်းခြေ အသက် ၂၁၁ နှစ်ရှိ ဂရင်းလန်း ငမန်းတစ်ကောင်ပင် ဖြစ်သည်။

သို့ရာတွင် ကျောရိုးမဲ့ သတ္တဝါများသည် ကျောရိုးရှိ သတ္တဝါများထက် သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်ရာတွင် လက်ရှိအချိန်ထိ အသာရနေဆဲဖြစ်ကာ လက်ရှိ ကမ္ဘာ့အသက်အရှည်ဆုံး သက်ရှိအဖြစ် စံချိန်တင်ထားသည်မှာ အသက် ၅၀၇ နှစ်ရှိ ခုံးကောင်ဖြစ်သည်။

ဂရင်းလန်း ငမန်းများသည် အရွယ်အစား ကြီးမားသော သတ္တဝါများ ဖြစ်ကြပြီး ၅ မီတာထိ ကြီးထွားနိုင်ကြကာ အတ္တလန်တစ် သမုဒ္ဒရာမြောက်ပိုင်း အေးစက်နေသော ရေနက်နက်တွင် နှေးကွေးစွာ ကူးခက်နေသည်ကို တွေ့ရှိရတတ်သည်။

Ref: BBC