News

POST TYPE

FOREIGN AFFAIRS

အငြင်းပွားလျက်ရှိနေသည့် တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်မှ ဒုံးကျည်ပစ်ယာဉ်များ လျှို့ဝှက်စွာပို့
10-Aug-2016

ဗီယက်နမ်နိုင်ငံသည် တောင်တရုတ်ပင်လယ် အတွင်း အငြင်းပွားနေရသည့် ၎င်းတို့၏ ကျွန်းစုများသို့ တရုတ်စစ်တပ်ရေယဉ် ပြေးလမ်းများနှင့် အဓိက ကုန်သွယ်ရေးလမ်းတစ်လျှောက် တရုတ်နိုင်ငံမှ စစ်တပ်ဆိုင်ရာ အဆောက်အအုံများ တပ်ဆင်တည်ဆောက် ထားမှုကို တိုက်ခိုက်နိုင်သည့် ရွေ့လျား ဒုံးကျည်ယဉ်များ လျှို့ဝှက်စွာ တပ်ဆင်ထားသည်ဟု အနောက်နိုင်ငံများ၏ အရာရှိများက ရိုက်တာသတင်းဌာန အားပြောကြားသည်။

ထောက်လှမ်းရေးသတင်းများအရ ဗီယက်နမ်သည် စပါရတ်လီ ကျွန်းစု ငါးနေရာသို့ ဒုံးကျည်များ မကြာမီ လများအတွင်းက ပို့ထားပြီးဖြစ်ပြီး ၎င်းလှုပ်ရှားမှုမှာ တရုတ်အစိုးရနှင့် ဆက်ဆံရေး တင်းမာစေသည်ဟု သံတမန်နှင့် တပ်မတော်အရာရှိများက ဆိုသည်။

ဒုံးကျည်ပစ်ယဉ်များသည် ဂြိုလ်တုမှ ထောက်လှမ်းစောင့်ကြည့်၍ မရနိုင်သည့်နေရာတွင် ထားရှိပြီး ပစ်ခတ်နိုင်ရန် အပြီးသတ်တပ်ဆင်မှုများ မလုပ်ရသေးဟု ဆိုသည်။ သို့သော် နှစ်ရက် (သို့) သုံးရက်အတွင်း တပ်ဆင်ပစ်ခတ်ရန် အသင့်အနေအထား ဆောင်ရွက်နိုင်သည်ဟု သတင်းအရင်း အမြစ်သုံးခုမှ သိရသည်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မတိကျသည့် သတင်းအမှားများဟု ဆိုသည်။

ဗီယက်နက် လက်ထောက် ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ငုယင်ချီဗင်းမှ ဗီယက်နမ်မှာ ၎င်းကျွန်းစုများသို့ ဒုံကျည်ပစ်ယဉ်များ (သို့) လက်နက်များ ပို့ဆောင်ထားခြင်း မရှိသော်လည်း ထိုသို့ ဆောင်ရွက်ခွင့်ရှိသည်ဟု ဇွန်လ၌ စင်္ကာပူသို့ အလည်အပတ်ရောက်ရှိစဉ် ရိုက်တာသို့ ပြောကြားသွားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အချုပ်အခြာပိုင်ဆိုင်တဲ့ မည်သည့်နေရာမဆို၊ မည်သည့်အချိန်ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ လက်နက်တွေကို ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကာကွယ်ဖို့ ထားရှိခွင့်ရှိသည်” သူက ဆိုသည်။

ဗီယက်နမ်၏ လှုပ်ရှားမှုသည် စပါရတ်လီ ကျွန်းစုအတွင်း တရုတ်နိုင်ငံမှ ကျွန်း ၇ ကျွန်းပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်ရန် တောင်းဆိုနေမှုနှင့် ပတ်သက်ပြီး တုန့်ပြန်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဗီယက်နမ် စစ်တပ်မဟာဗျူဟာ ရေးဆွဲသူများသည့် တရုတ်နိုင်ငံမှ ရေဒါများ၊ လေယဉ်ပြေးလမ်းများနှင့် အခြားသော စစ်တပ် အဆောက်အအုံပိုင်း ဆိုင်ရာတည်ဆောက် မှုများသည် ဗီယက်နမ်တောင်ပိုင်းနှင့် ၎င်း၏ကျွန်းစုများကို ကာကွယ်လို့မရနိုင်မှာကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

စစ်ရေးလေ့လာသုံးသပ်သူများမှ တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်နိုင်ငံ၏ သိသာထင်ရှား လွန်းသည့် ကာကွယ်ရေးလှုပ်ရှားမှုဖြစ်သည်ဟု ဆိုသည်။

“တရုတ်နိုင်ငံသည် စပါရတ်လီကျွန်းစုတဝိုက်ရှိ လေကြောင်းနှင့် ပင်လယ်အတွင်းရှိ အခြေအနေများကို အနီးကပ် စောင့်ကြည့်ထိန်းကျောင်းမှုများ ပြုလုပ်နေသည်” ဟု တရုတ် ကာကွယ်ရေးဝန်ကြီးဌာမှ ရိုက်တာသို့ ပြောသည်။

ထို့အပြင် “တောင်တရုတ်ပင်လယ်ဒေသတွင်း တည်ငြိမ်ချမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သည့် နိုင်ငံများအားလုံးကို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်သည်” ဟုဆိုသည်။

အမေရိကန်နိုင်ငံသည်လည်း တောင်တရုတ်ပင်လယ်ဒေသတွင်း ဖြစ်ထွန်းမှုများကို အနီးကပ်စောင့် ကြည့်လျက်ရှိသည်။

“ကျွန်တော်တို့သည် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများ ဖြစ်စေနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားရန် ဆက်လက်တိုက်တွန်းလျက် ရှိပါသည်။ လက်တွေ့ကျသည့် လုပ်ဆောင်ချက်များဖြင့် ယုံကြည်မှုများ တည်ဆောက်ရပါမည်။ ပြီးလျှင် သံတမန်ရေးရာ နည်းလမ်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းဖို့ အားထုတ်ကြိုးစားပြီး ငြိမ်းချမ်းရေးကို ရှာဖွေစေချင်ပါသည်” ဟု အမေရိကန်နိုင်ငံခြား ဝန်ကြီးဌာမှ ပြောကြားသည်။

Source: Reuter