News

POST TYPE

FOREIGN AFFAIRS

လမ်းမကြီးများအနီးတွင် နေထိုင်သူများ မှတ်ဉာဏ်ချို့ယွင်း၊ ဦးနှောက်ဖောက်ပြန်နိုင်ချေ ပိုများဟုဆို
05-Jan-2017 tagged as

လမ်းမကြီးတွေ အနားမှာ နေထိုင်သူတွေဟာ အခြားသူတွေထက် ဦးနှောက်ထိခိုက်ပြီး မှတ်ဉာဏ်ချို့ယွင်းဖောက်ပြန်တဲ့ရောဂါ ခံစားရနိုင်ချေ ပိုမြင့်တယ်လို့ ဗြိတိန်ဆေးပညာဂျာနယ် တစ်စောင်မှာ ဖော်ပြထားတဲ့ သုတေသန စာတမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကနေဒါနိုင်ငံက လူပေါင်း ၂ သန်းခန့်ကို ၁၁ နှစ်ကျော် သုတေသနပြု လေ့လာခဲ့မှုအရ လမ်းမကြီးတွေအနီး လေထုညစ်ညမ်းမှုနဲ့ ယာဉ်တွေဆီက ဆူညံသံတွေက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေကြောင်း တွေ့ရှိခဲ့ရပါတယ်။

ယခုသုတေသန ရလဒ်ဟာ သက်သေ ထုတ်ပြသဖို့ လိုအပ်နေသေးပေမယ့် လက်ခံ ယုံကြည်နိုင်လောက်တဲ့ တွေ့ရှိမှုဖြစ်တယ်လို့ ဗြိတိန် ဦးနှောက် ဖောက်ပြန်မှု ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ဦးနှောက်ဖောက်ပြန် မှတ်ဉာဏ် ချို့ယွင်းမှု ရောဂါခံစားနေရသူ သန်း ၅၀ ခန့်ရှိနေပြီး ယင်းရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်း အတိအကျကိုတော့ နားလည်နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကနေဒါမှာ ပြုလုပ်ခဲ့တဲ့ ယခု သုတေသနရလဒ်အရ လမ်းမကြီးတွေနဲ့ မီတာ ၅၀ အတွင်းမှာ နေထိုင်သူတွေဟာ လမ်းမကြီးတွေနဲ့ မီတာ ၃၀၀ နဲ့အထက် အဝေးမှာနေသူတွေထက် ဦးနှောက် ဖောက်ပြန်မှတ်ဉာဏ်ချို့ယွင်းမှုကို ခံစားရနိုင်ချေ ၇ ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းအထိ ပိုမြင့်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

Ref : BBC

  • TAGS