News

POST TYPE

FOREIGN AFFAIRS

ဟောင်ကောင်ခေါင်းဆောင် နုတ်ထွက်ရန် ပြည်သူသိန်းပေါင်းများစွာ တောင်းဆို
17-Jun-2019


ဟောင်ကောင် (စီးတီး)၊ ဇွန် ၁၆

အနက်ရောင်ဝတ်စုံများ ဆင်မြန်းကာ ဟောင်ကောင်မြို့လယ်တွင် သိန်းကျော်သော ပြည်သူများစုဝေးကာ ဟောင်ကောင် ခေါင်းဆောင် နုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။ 

ဆယ်စုနှစ်များစွာအတွင်းတွင် ဟောင်ကောင်၌ အကြမ်းတမ်းဆုံးသော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဟောင်ကောင် ခေါင်းဆောင် ကာရီလမ်းက တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ဆိုင်းငံ့ပေးခဲ့သည်။ 

ဧရာမအနက်ရောင် ဆန္ဒပြပွဲကြီးအတွင်း ပြည်သူများက အဖြူရောင် ဇော်မွှားပန်း အဖြူရောင်များကို ကိုင်ဆောင်ကာ “ကျွန်တော်တို့ကို မပစ်ပါနဲ့။ ကျွန်တော်တို့က ဟောင်ကောင်သားတွေပါ”ဟူသော ခေါင်းစည်းစာတမ်းကြီးများကို ပြသကြွေးကြော်ခဲ့ကြသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းက ဆန္ဒပြပွဲများအတွင်း ဘဏ္ဍာရေးဗဟိုဌာနရပ်ကွက်ကို ပိတ်ဆို့ထားခဲ့ရာ ရဲများက ရော်ဘာ ကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့ကြသည်။ 

ဆန္ဒပြသူများထဲတွင် ကလေးများ၊ သက်ကြီးရွယ်အိုများပင် ပါဝင်ပြီး အနက်ရောင် လူပင်လယ်ကြီးက လမ်းမများကို အပြည့်ဖြည့်လိုက်ကာ ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးအပေါ် ၎င်းတို့၏ မလိုလားချက်ကို ပြသခဲ့သည်။ 

မဒမ်လမ်း နုတ်ထွက်ရန်အတွက် တက်ကြွလှုပ်ရှားသူများကကျယ်လောင် စွာအော်ဟစ်တောင်းဆိုကြကာ လူအုပ်ကြီးက ထောက်ခံဟစ်အော်ခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲတွင် ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့ပြီး အရုပ်ဆိုး အကျည်းတန်ခဲ့ရမှုအတွက် ရဲတပ်ဖွဲ့ဘက်က လိုအပ်သည်ထက် ပိုမိုတုံ့ပြန်ခဲ့မှုအပေါ်လည်း ဆန္ဒပြသူများက ကန့်ကွက်ဆန့်ကျင် ပြောကြားခဲ့ကြသည်။ 

ပြည်မကြီး ဘေဂျင်းအစိုးရက ကျောထောက်နောက်ခံပြုထားသော မဒမ်လမ်း၏ ဟောင်ကောင်အစိုးရက တရားခံများကို ပြည်မကြီးသို့ လွှဲပြောင်းပေးရေးဥပဒေကြမ်းကို နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ကာ အကြမ်းပတမ်းဖြစ်ရပ်များအတွက် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။

သို့သော် လုံလောက်သော တောင်းပန်ပြောကြားခြင်းမျိုးမရှိသည့်အတွက် ဝေဖန်ခံရမှုများလည်း ရှိနေသည်။ 

“ကာရီလမ်းက တောင်းပန်ဖို့ရာ ငြင်းဆန်ထားပါတယ်။ ဒါဟာ လက်ခံနိုင် စရာမရှိပါဘူး”ဟု အသက် ၁၆ နှစ်အရွယ် ဆန္ဒပြသူ ကကက်သရင်းချန်းက ပြောကြားသည်။  

F-02


  • VIA