News

POST TYPE

FOREIGN AFFAIRS

ဖယောင်းတိုင်မီးတွေ ပတ်လည်ဝိုင်းနေတဲ့ မီးဆိုင်းပဒေသာ အလန်းစားဖက်ရှင်နဲ့ Met Gala အခမ်းအနားဆီ ရောက်လာခဲ့တဲ့ ကေတီပယ်ရီ
07-May-2019




အမေရိကန်တေးသံရှင် ကေတီပယ်ရီဟာ Met Gala အခမ်းအနားဆီကို တကယ့်အလန်းစားဖက်ရှင်နဲ့ ပွဲတက်လာခဲ့ပြီး သူရဲ့ဝတ်စုံကို မြင်သူတိုင်းက ရင်သပ်ရှုမောဖြစ်ခဲ့ကြရပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ဆီက မက်ထရိုပိုလီတန်ပြတိုက်မှာ အဝတ်အစားဖက်ရှင် အသက်မွေးဝမ်းကျောင်း အနုပညာတက္ကသိုလ်က ကြီးမှူးကျင်းပခဲ့တဲ့ Met Gala အခမ်းအနားဆီကို ကေတီပယ်ရီက ဖယောင်းတိုင်မီးတွေ ပတ်လည်ဝိုင်းနေတဲ့ ဖက်ရှင်ဆန်းနဲ့ ပွဲတက်လာခဲ့တာပါ။

ကေတီပယ်ရီရဲ့ပွဲတက်ဖက်ရှင်ကို မီးဆိုင်းပဒေသာဝတ်စုံလို့ သတင်းမီဒီယာတွေက နာမည်ပေးခဲ့ကြပြီး အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေထက်မှာလည်း ဒီဝတ်စုံအကြောင်းက လူပြောများတဲ့ဖက်ရှင်တစ်ခု ဖြစ်လို့နေပြီ ဖြစ်ပါတယ်။

ကေတီပယ်ရီအတွက် ဒီပွဲတက်ဝတ်စုံ ဖက်ရှင်ဆန်းကို စီစဉ်ပေးခဲ့တာကတော့ Beauty and The Beast ရုပ်ရှင်ကားကို အဝတ်အစားဒီဇိုင်နာကုမ္ပဏီအဖြစ် တာဝန်ယူခဲ့တဲ့ အီတလီနိုင်ငံအခြေစိုက် မော့စ်ချီနို ဖက်ရှင်လုပ်ငန်းစုပါပဲ။

ကေတီပယ်ရီရဲ့ပွဲတက်ဝတ်စုံကို မော့စ်ချီနိုဖက်ရှင်လုပ်ငန်းစုက သလင်းကျောက်တွေနဲ့ ပုံဖော်ဖန်တီးထားပြီး ဦးခေါင်းထက်နဲ့ ခါးပတ်လည်မှာ ဖယောင်းမီးတွေ ထွန်းညှိလို့ရတဲ့ ဆီမီးခွက်တွေ ထည့်သွင်းကာ အမြင်ဆန်းအောင် လုပ်ထားတာဖြစ်ပါတယ်။

ကေတီပယ်ရီဟာ အခမ်းအနားထဲကို ဝင်ရောက်လာကတည်းက ဒီပွဲတက်ဝတ်စုံကြောင့် လူအားလုံးရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပြီး သတင်းမီဒီယာတွေအားလုံးကလည်း သူမအနားမှာ ၀ိုင်းဝိုင်းလည်နေခဲ့ပါတယ်။