POST TYPE

FOREIGN AFFAIRS

ရုရှားနိုင်ငံ မော်စကိုမြို့က ရှီရီမီတိုင်ဗိုလေဆိပ်မှာ လေယာဉ်တစ်စီး မီးလောင်ပေါက်ကွဲပြီး လူ ၄၁ ယောက် သေဆုံးသွားခဲ့
06-May-2019


ရုရှား၊ မေလ ၆ 

ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ ရှီရီမီတိုင်ဗိုလေဆိပ်မှာ လေယာဉ်တစ်စင်း မီးလောင်ပေါက်ကွဲခဲ့တာကြောင့် လူ ၄၁ ဦး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ 

အဲရိုဖလုတ် (Aeroflot) လေယာဉ်အမျိုးအစားဖြစ်တဲ့ ဒီလေယာဉ်ဟာ အရေးပေါ်အခြေအနေတစ်ရပ်ကြောင့် ရှီရီမီတိုင်ဗိုလေဆိပ်ဆီကို ပြန်လည်ဆင်းသက်လာခဲ့တာဖြစ်ပြီး ဆင်းသက်ပြီးတာနဲ့တစ်ပြိုင်နက် မီးလောင်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရုရှားသတင်းမီဒီယာတွေက ဆိုပါတယ်။

အင်တာနက်စာမျက်နှာတွေထက်ဆီ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေမှာတော့ ခရီးသည်တွေဟာ အရေးပေါ်ထွက်ပေါ်ကနေ အလုအယက် ပြေးထွက်လျှောဆင်းပြီး အသက်ဘေးကနေ လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

အသက်ရှင်လွတ်မြောက်လာခဲ့သူတွေက လေယာဉ်ဟာ မိုးကြိုးပစ်ခတ်မှုဒဏ်ခံခဲ့ရတယ်လို့ ပြောကြားထားပြီး လေဆိပ်ဝန်ထမ်းတွေကတော့ လေယာဉ်ဟာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခု ဖြစ်ပေါ်ခဲ့လို့ လေဆိပ်ဆီ ပြန်ဆင်းခွင့်ပေးဖို့ အကူအညီတောင်းခံခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အဲရိုဖလုတ် ဂျက်လေယာဉ်ဟာ မြေပြင်နဲ့ နီးကပ်စွာ ဆင်းသက်လိုက်ရာကနေ ပွတ်တိုက်မှုဖြစ်ပွားကာ မီးလောင်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့လည်း သတင်းသုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

လေယာဉ်ထက်မှာ လေယာဉ်ဝန်ထမ်းငါးဦးနဲ့ ခရီးစည် ၇၃ ဦး လိုက်ပါ စီးနင်းသွားခဲ့ပြီး သေဆုံးသူ ၄၁ ဦးအနက်မှာ နှစ်ဦးက ကလေးငယ်တွေ ဖြစ်ပါတယ်။

E-11