News

POST TYPE

FOREIGN AFFAIRS

၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ဒုံးကျည်ပစ်လွှတ်မှုကို တာတိုပစ်ဒုံးကျည်တွေ ပစ်လွှတ်စမ်းသပ်ပြီး အစပြန်ပြုလိုက်တဲ့ မြောက်ကိုရီးယား
04-May-2019



မြောက်ကိုရီးယားဟာ တာတိုပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုပေါင်းများစွာကို ပြန်လည်ဆောင်ရွက်လိုက်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။ 

မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ဟိုဒိုကျွန်းဆွယ်ဆီက ဒုံးကျည်ပစ်စင်တွေကနေ အခုဒုံးကျည်ပစ်လွှတ်မှုတွေကို လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က ပြောကြားထားပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ဆောင်ရွက်ပြီးတဲ့နောက် ဒုံးကျည်ပစ်လွှတ်မှုတွေကို ရပ်ဆိုင်းကာ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းခဲ့ပြီး အခုအချိန်ကိုရောက်မှ ဒုံးကျည်ပစ်လွှတ်မှုတွေကို တစ်ကျော့ပြန်လည် ဆောင်ရွက်လိုက်တာပဲဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ဆီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ရဲ့ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲမှာ ဘာသဘောတူညီချက်မှ မရရှိခဲ့တဲ့ အခြေအနေ ဖြစ်ပေါ်လာခဲ့အပြီးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နောက်ကြောင်းပြန်လှည့်ဖို့ ဆုံးဖြတ်လိုက်ပုံရတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက သုံးသပ်ထားပါတယ်။

တာတိုပစ်ဒုံးကျည်တွေကို ပစ်လွှတ်စမ်းသပ်တာဟာ အမေရိကန်နဲ့ သဘောတူညီထားချက်ကို ချိုးဖောက်ရာ မရောက်ဘူးလို့ မြောက်ကိုရီးယား ရှင်းပြထားပြီး အမေရိကန်နဲ့ သူတို့အကြားမှာ သဘောတူညီထားတာက နျူကလီးယားဒုံးကျည်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေ  ပစ်လွှတ်စမ်းသပ်တာကို မဆောင်ရွက်ဖို့သာဖြစ်တယ်လို့လည်း မြောက်ကိုရီးယားဘက်က အသိပေးသွားခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ဧပြီလကတည်းက သူတို့မှာ ဦးတည်ရာလမ်းကြောင်းကို ထိန်းချုပ်နိုင်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အဆင့်မြင့်တဲ့လက်နက်တစ်ခုကို ပိုင်ဆိုင်ထားပြီလို့ ထုတ်ပြန်ကြေညာထားခဲ့ပါသေးတယ်။

E-11