POST TYPE
FOREIGN AFFAIRS
နိုင်ငံတကာ အမျိုးသမီးသူရဲကောင်းဆု မြန်မာနွယ်ဖွားအမျိုးသမီးနှစ်ဦးရရှိ
07-Mar-2019
ရန်ကုန်၊ မတ် ၇
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်အတွက် ပေးအပ်သည့် နိုင်ငံတကာအမျိုးသမီး သူရဲကောင်းဆုကို မြန်မာနွယ်ဖွား အမျိုးသမီးနှစ်ဦးက ရရှိခဲ့ကြောင်းယင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဆုကို ကမ္ဘာတစ်ဝန်းမှ အမျိုးသမီး ၁၀ ဦးကိုပေးအပ်ခဲ့ရာတွင် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသူတစ်ဦးဖြစ်သည့် နော်ကညောဖောနှင့် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ ရာဇီယာ ဆယ်လ်တာနာတို့က ရရှိခဲ့ခြင်းဖြစ်သည်။
နော်ကညောဖောသည် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပြီး ကရင်အမျိုးသမီးအဖွဲ့ (KWO) ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်ကာ စစ်ရေးပဋိပက္ခများအတွင်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရမှုများကို မှတ်တမ်းပြုလုပ်ဆောင်ခဲ့သူဖြစ်သည်။
အလားတူ ရာဇီယာ ဆယ်လ်တာနာသည် ရခိုင်ပြည်နယ် မောင်းတောမြို့တွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းသည် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်နေသူလည်းဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်သည့် အဆိုပါဆုကို ၂၀၁၂ ခုနှစ်တွင် ဒေါ်ဇင်မာအောင်၊ ၂၀၁၅ ခုနှစ်တွင် ဒေါ်မေစံပယ်ဖြူတို့ ရရှိခဲ့ဖူးသည်။
J-08
- VIA
- Voice Admin
- SOURCES
- The Voice
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
14-Dec-2019
-
13-Dec-2019
-
01-Dec-2019