News

POST TYPE

FOREIGN AFFAIRS

ဂျပန်နိုင်ငံ၏ သံလိုက် ရှပ်ပြေးရထား ကမ္ဘာ့အမြန်ဆုံး ရထား ဖြစ်လာမည်
02-Nov-2016


ဂျပန်နိုင်ငံက ၂၀၂၀ ခုနှစ်မှာ စတင် ပြေးဆွဲဖို့ စီစဉ်ထားတဲ့ သံလိုက်ရှပ်ပြေး နည်းပညာသုံး အမြန်ရထားဟာ ကမ္ဘာ့ အမြန်ဆုံးရထား ဖြစ်လာမယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။ 

အဆိုပါ ရထားဟာ နောက်ဆုံးအကြိမ် စမ်းသပ်ပြေးဆွဲစဉ်မှာ တစ်နာရီကို ၃၇၄ မိုင်နှုန်းထိ မောင်းနှင်နိုင်ခဲ့ပြီး ယခင်အပတ်က စံချိန်ဖြစ်တဲ့ တစ်နာရီ ၃၆၆ မိုင်နှုန်းကို ထပ်မံ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 

ဒီရထားဟာ ဂျပန်နိုင်ငံရဲ့ မြို့တော်တိုကျိုနဲ့ နာဂိုရာကို ပထမဆုံး ချိတ်ဆက် ပြေးဆွဲမှာဖြစ်ပြီး ယင်းခရီးကို မိနစ် ၄၀ နဲ့ အရောက်သွားနိုင်မှာဖြစ်ကာ လက်ရှိ လေယာဉ်နဲ့ သွားတာထက်တောင် ပိုပြီး မြန်မြန် ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ 

တွဲ ၁၆ တွဲပါဝင်ပြီး ခရီးသည် ၁၀၀၀ ခန့် တင်ဆောင်နိုင်တဲ့ ယင်းအမြန်ရထား ခရီးစဉ်တွေကို နောက်ပိုင်းမှာ အခြား ခရီးစဉ်တွေပါ တိုးချဲ့ ပြေးဆွဲသွားဖို့လည်း ဂျပန် အာဏာပိုင်တွေက စီစဉ်ထားပါတယ်။ 

သံလိုက်ရှပ်ပြေး နည်းပညာသုံး ရထားတွေကို လက်ရှိအချိန်မှာ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့မှာလည်း အသုံးပြုနေပေမယ့် ဂျပန်နိုင်ငံမှာ ပြေးဆွဲမယ့် ရထားလောက် အမြန်နှုန်းမျိုးနဲ့တော့ ပြေးဆွဲနိုင်ခြင်း မရှိသေးပါဘူး။ 

ဂျပန်နိုင်ငံဟာ အိုလံပစ် အားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၆၄ ခုနှစ်တုန်းက အဲဒီအချိန်က အမြန်ဆုံး ရထားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ အမြန်ရထား ခရီးစဉ်ကို စတင် ပြေးဆွဲခဲ့သလို ယခု အိုလံပစ်ပွဲကို အိမ်ရှင်အဖြစ် ထပ်မံ လက်ခံကျင်းပမယ့် ၂၀၂၀ ခုနှစ်မှာလည်း ကမ္ဘာ့ အမြန်ဆုံး ရထားကို စတင် ပြေးဆွဲသွားတော့မှာ ဖြစ်ပါတယ်။ 

Ref : CNN


  • VIA