News

POST TYPE

FOREIGN AFFAIRS

မာန်အောင်တွင် မီးပြတိုက်ပြုပြင်ရန် သွားရောက်သည့်သင်္ဘော နစ်မြှုပ်၊ ၇ ဦးကို ကယ်ဆယ်
11-Feb-2019


စစ်တွေ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့၊ ဇီးတောကမ်းခြေနှင့် (၄) မိုင်ခန့်အကွာ လက်ဖက်ကျွန်း မီးပြတိုက်သို့ ပြုပြင်ရန်သွားရောက်သည့် “ဆင်ပြောင်”အမည်ရှိ သင်္ဘောမှာ ယနေ့ နံနက်ပိုင်းအချိန်က နစ်မြှုပ်သွားသည်။

အဆိုပါ သဘောင်္ပေါ်၌ လူ ၂၅ ဦးခန့် လိုက်ပါသွားသဖြင့် မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၇ ဦးအား ရှာဖွေတွေ့ရှိထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှာ သိရသည်။

“သတင်းတော့ အတိအကျ မသိရသေးဘူး။ ကျနော်တို့ အခု အကြမ်းအားဖြင့် သိထားရတာကတော့ ၇ ဦး အသက်ရှင်လျက်တွေ့တယ်လို့တော့သိရတယ်။ ကြေးနန်းလည်း မတက်သေးဘူး”ဟု ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းကပြောသည်။

လက်ရှိအချိန်၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေလျက်ရှိကြောင်း သဘောင်္မှာ အဘယ်ကြောင့် နစ်မြှုပ်သွားသည်ကိုလည်း မသိရှိရသေးကြောင်း ၎င်းကဆက်၍ပြောသည်။

R-22