News

POST TYPE

FOREIGN AFFAIRS

ကျွန်းပရိဘောဂများ တင်ဆောင်လာသည့် အိမ်စီးယာဉ်တိမ်းမှောက်၊ တစ်ဦးသေဆုံး
24-Jan-2019


တောင်ငူ၊ ဇန်နဝါရီ ၂၄

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၉၀ အနီးတွင် ဇန်နဝါရီ ၂၄ ရက် နံနက် ၅ နာရီကျော်က ကျွန်းတံခါးနှင့် ကျွန်းပွတ်လုံးများ တရားမဝင် တင်ဆောင်လာသည့် အိမ်စီးယာဉ်တစ်စင်းတိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့ချောင်းနယ်မြေရဲစခန်းထံမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ဇေယျာဖြိုး (၂၁ နှစ်) မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဇေယျာမင်း (၃၁ နှစ်) လိုက်ပါလာကာ ကျွန်းတံခါး ၆၆ ချပ်နှင့် ပွတ်လုံး ၂၄ ချောင်း တင်ဆောင်လာသည့် Toyota Wish အမျိုးအစား အိမ်စီးယာဉ်သည် မိုင်တိုင် ၉၀ အနီးသို့အရောက် အရှိန်လွန်တိမ်းမှောက်ခဲ့သည့်အတွက် ယာဉ်မောင်းအခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး အဖော်အမျိုးသား ထိခိုက်ဒဏ်ရာများရရှိခဲ့၍ မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဇေယျာဖြိုးကို မြို့ချောင်းအမြန်လမ်းရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇ တို့အပြင် သစ်တောဥပဒေအရ အမှုဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15