News

POST TYPE

FOREIGN AFFAIRS

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီ ၆ ဦး ပြည်တွင်းသို့ပြန်ဝင်
05-Sep-2018
စစ်တွေ၊ စက်တင်ဘာ ၅

အကြမ်းဖက်ဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသည့် ဘင်္ဂါလီလူမျိုး ၆ ဦးသည် စက်တင်ဘာလ ၄ ရက်နေ့က မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ တရားဝင် ဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနထံမှ သိရသည်။

မာမတ်ရှော်ရိပ်နှင့် မိသားစုဝင် ငါးဦးတို့သည် ၎င်းတို့၏သဘောဆန္ဒဖြင့် ပြန်လည် ဝင်ရောက်လာခြင်းဖြစ်ပြီး ပြန်လည်လက်ခံရေးစခန်း၌ စိစစ်ပြီး NV Card ထုတ်ပေးထားကြောင်း၊ ထို့ပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားများ ဥပဒေအရ ကိုင်ဆောင်သင့်သည့် 

ကတ်တစ်မျိုးမျိုးကို ကိုင်ဆောင်နိုင်ရန် လျှောက်ထားရမည့် လျှောက်လွှာကိုပါ ထုတ်ပေးလိုက်ကြောင်း အဆိုပါဌာနပြည်နယ် ညွှန်ကြားရေးမှူး ဦးအောင်မင်းက ပြောဆိုသည်။

၎င်းတို့သည် မောင်တောမြို့နယ် မီးတိုက်ကျေးရွာအုပ်စု ရဲအောင်ချောင်းကျေးရွာတွင် နေထိုင်ခဲ့သူများဖြစ်ပြီး လတ်တလော မြို့မတောင်ရပ်ကွက်၌ ယာယီ နေရာချထားပေးကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ဧပြီလအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြား နယ်စပ်မျဉ်းပေါ်တွင် နေထိုင်နေရာမှ တရားဝင် ပြန်လည် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး မိသားစုဝင် ၅ ဦးကိုလည်းစိစစ်၍ NV Card ထုတ်ပေးပြီး ပြန်လည်နေရာ ချထားပေးခဲ့သည်။

မြန်မာနိုင်ငံ အစိုးရအနေဖြင့် နေရပ်စွန့်စွာသွားသူများကို ပြန်လည်လက်ခံရန် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းမှစ၍ အဆင်သင့်ဖြစ်နေပြီး ယင်းသို့ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့ ပူးပေါင်း 

ဆောင်ရွက်နေသည့်အပြင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR)တို့နှင့်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံအစိုးရက ထုတ်ပြန်ထားသည်။

R-22