POST TYPE
FOREIGN AFFAIRS
ဖလော်ရီဒါ ညကလပ်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး နှစ်ဦးသေ၊ ၁၄ ဦးထက်မနည်း ဒဏ်ရာရ
25-Jul-2016
ဖလော်ရီဒါ၊ ဇူလိုင် ၂၅
ယနေ့ (ဇူလိုင် ၂၅ ရက်၊ တနင်္လာနေ့) အစောပိုင်းက ဖြစ်ပွားခဲ့သော ယင်းပစ်ခတ်မှုသည် ဖလော်ရီဒါမြို့ရှိ Club Blu ကလပ်၏ ကားပါကင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မှုအတွင်း အနည်းဆုံး ၁၄ ဦးမှ ၁၆ ဦးအထိ ဒဏ်ရာရရှိခဲ့ရာ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ပစ်ခတ်မှုနှင့် ပတ်သက်သည်ဟု ယူဆရသူတစ်ဦးကို အခင်းဖြစ်သည့် ကလပ်နှင့် ငါးဘလောက် အကွာတွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
ထိုကဲ့သို့ ဖမ်းဆီးစဉ်တွင် ပစ်ခတ်မှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။
ပစ်ခတ်မှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိသွားသူများနှင့် ပတ်သက်၍ ဖလော်ရီဒါ ရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။
Ref: NBC News
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
20-Feb-2019
-
15-Feb-2019