News

POST TYPE

FOREIGN AFFAIRS

စစ်တွေနှင့် မောင်တောမြို့ပေါ်ရှိ ယာယီဒုက္ခသည်များအတွက် ကျေးရွာသုံးခုတွင် ပြန်လည်နေရာချရန် စီစဉ်
05-Aug-2018
ရန်ကုန်၊ ဩဂုတ် ၄

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် စစ်တွေနှင့်မောင်တောမြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေသည့် ဟိန္ဒူဘာသာဝင်များကို မောင်တောအနီး ကျေးရွာသုံးခုတွင် ပြန်လည်နေရာချထားရန် စီစဉ်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ပြောကြားသည်။

“ကျေးရွာသုံးခုမှာတော့စပြီး အိမ်တွေ ဆောက်နေပါပြီ၊ ပြောင်းရွှေ့မယ့် ဟိန္ဒူ ဘာသာဝင်တွေနဲ့ ပြည်နယ်အစိုးရတို့ ညှိနှိုင်းအဆင်ပြေလို့ အခုလို အိမ်တွေဆောက်တာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မောင်တောမြို့အနီးရှိ ရွှေဇား၊ ကြိမ်ချောင်းနှင့် အိုးထိန်းကျေးရွာများတွင် ဆောက်လုပ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ ဒုက္ခသည်များပြောင်းရန် အချိန်မှာ အိမ်ရာများ ဆောက်လုပ်ပြီးစီးသည့် အခြေအနေပေါ်မူတည်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျေးရွာဆုံးရှုံးခဲ့သူများအတွက် အိန္ဒိယအစိုးရက နေအိမ် ၂၅၀ လှူဒါန်းထားပြီး အိမ်ရာစီမံကိန်းတွင် အိမ်အလုံးရေ ၃၀၀ ကို ရွှေဇား၊ ကြိမ်ချောင်းနှင့် အိုးထိန်းကျေးရွာများတွင် ဆောက်လုပ်ရန် ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ရဲဘော်ကျ၊ ခမောင်းဆိပ်ကျေးရွာများမှ ဟိန္ဒူဘာသာဝင်များသည် မောင်တောနှင့် စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တွေနှင့်မောင်တောရှိ ယာယီဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၃၀၀ နှင့် လူဦးရေ ၁၂၀၀ ကျော် နေထိုင်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

J-18


  • VIA