News

POST TYPE

FOREIGN AFFAIRS

ကင်ဂျုံအန်းနှင့်ထရမ့် တွေ့ဆုံပွဲမှသည် အလုံးစုံ နျူကင်းစင်ရေးရလဒ် ထွက်သင့်ဟု တရုတ်တိုက်တွန်း
13-Jun-2018

ဘေဂျင်း၊ ဇွန်၁၂

အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံခြင်းသည် သမိုင်းဝင်နေ့ရက်အဖြစ် တရုတ်က ချီးကျူးခဲ့ကာ ကိုရီးယားကျွန်းဆွယ်တွင် အပြည့်အဝ နျူကင်းစင်ရေးဖြစ်စေချင်ကြောင်း တောင်းဆိုခဲ့သည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ခေါင်းဆောင်နှစ်ဦး အတူတကွ တွေ့ဆုံကာ တန်းတူညီမျှစွာ ဆွေးနွေးကြခြင်းက အရေးကြီးပြီး အပြုသဘောဆောင်ကာ သမိုင်းသစ်ကို ဖန်တီးခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကိစ္စသည် လုံခြုံရေးပြဿနာဖြစ်ပါကြောင်း တရုတ်ဝန်ကြီးချုပ်က ထောက်ပြထားသည်။

အခက်အခဲဆုံးအပိုင်းမှာ အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့ တန်းတူညီမျှသော ဆွေးနွေးချက်မှသည် အတူတကွအဖြေရှာရေးဖြစ်သည်ဟု ဝမ်က ပြောကြားသည်။

“နျူကလီးယားပြဿနာကို ဖြေရှင်းရေးဖြစ်ပါတယ်။ တစ်ချက်တည်းပြောရမယ်ဆိုရင် နျူကင်းစင်ရေး အလုံးစုံနျူကင်းစင်ရေး ဖြစ်ပါတယ်”ဟု တရုတ်ဝန်ကြီးက တောင်းဆိုခဲ့သည်။

ကျွန်းဆွယ်ဒေသငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်းလိုအပ်ပြီး မြောက်ကိုရီးယား၏ ကျိုးကြောင်းဆီလျော်မှုရှိသော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းရမည်ဟုလည်း ဝန်ကြီးက ဆိုထားသည်။

တင်းမာမှုများ အနည်းငယ်ရှိသော်လည်း စစ်အေးခေတ် မဟာမိတ်များဖြစ်ကြသော တရုတ်နှင့် မြောက်ကိုရီးယားတို့သည် ဆက်ဆံရေးကို ကြိုးစားပြန်လည် တည်ဆောက်လျက်ရှိကြသည်။

ကင်ဂျုံအန်းသည် စင်ကာပူတွင် ထရမ့်နှင့် အစည်းအဝေးသွားတက်ရန်အတွက် တရုတ်ထံမှ  Air China လေယာဉ်တစ်စင်းကို ယူဆောင်သွားခဲ့သည်။ 

F-02


  • VIA