News

POST TYPE

FOREIGN AFFAIRS

ဩစတြေးလျ တောကြီးမျက်မည်းထဲ ၆ ရက်ကြာ လမ်းပျောက်တဲ့ ကိုရီးယားသူအသက်မသေ
10-Jun-2018


ဩစတြေးလျမှာ မတ်စောက်တဲ့ ချောက်ထဲပြုတ်ကျပြီး တောကြီးမျက်မည်းထဲ ၆ ရက်ကြာ အဆက်အသွယ်ပြတ်သွားသူ ကိုရီးယားသူတစ်ဦးကို ကယ်ဆယ်ရေးသမားများက ပြန်လည်တွေ့ရှိခဲ့ပြီးနောက် အသက်ဘေးက ကင်းဝေးခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဟန်ဂျိုဟီးဟာ ကွင်းစ်လန်ပြည်နယ်ထဲက တိုင်ဆန်တောင်ကိုတက်ခဲ့ပြီး ချောက်ထဲကို ပြုတ်ကျသွားတာဖြစ်ပါတယ်။ 

သူမဟာ သတိလစ်မေ့မြောသွားခဲ့ပြီး ရေတံခွန်အောက်ကနေ ပြန်ထွက်နိုင်ခဲ့ပေမယ့် ထိုနေရာမှာ ရိက္ခာမရှိဘဲ ခြောက်ရက်နေခဲ့ရပါတယ်။

ကျောပိုးအိတ်လွယ် ခရီးဆန့်ကြသူ အဖော်များကလည်း သူမပြန်မလာတဲ့အခါ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြပါတယ်။ ခုတော့ အမျိုးသမီးကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး အာဟာရနဲ့ ရေဓာတ်ချို့တဲ့မှုကို ခံစားနေရတယ်လို့ ရဲက ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးကို လေကြောင်းကနေ ကယ်ထုတ်ခဲ့ပြီး ဆေးရုံတင်ကုသပေးနေတယ်လို့ တာဝန်ရှိသူရဲတစ်ဦးက အတည်ပြုပေးထားပါတယ်။ 

F-02


  • VIA