News

POST TYPE

FOREIGN AFFAIRS

ဖိလစ်ပိုင်တွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်
24-Sep-2016
မနီလာ၊ စက်တင်ဘာ ၂၄

ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒန်နာအိုကျွန်းတွင် ယနေ့မနက် အစောပိုင်းက ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ငလျင်လှုပ်ခတ်ချိန်တွင် ယင်းကျွန်းရှိ ဟိုတယ်များတွင် တည်းခိုနေသူများနှင့် ဆောက်လုပ်ရေး လုပ်သားများမှာ ထိတ်လန့်ပြီး အဆောက်အဦများထဲမှ ပြေးထွက်ခဲ့ကြရသော်လည်း လက်ရှိအချိန်ထိ ထိခိုက်ပျက်စီးမှု သတင်းပေးပို့ချက် တစ်စုံတစ်ရာ မရှိသေးချေ။

ငလျင်မှာ မင်ဒန်နာအိုကျွန်းပေါ်ရှိ ဒါဗာအိုမြို့ အရှေ့ဘက် ၇၁ မိုင်အကွာကို ဗဟိုပြု၍ ပင်လယ်ကြမ်းပြင်အောက် အနက် ၄၃ မိုင်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရခြင်းလည်း မရှိချေ။

ပြင်းအား ၆ ဒသမ ၃ ဆိုသည်မှာ အင်အားပြင်းထန်သည့် ငလျင်အဆင့်တွင် ရှိသော်လည်း ငလျင်ဗဟိုပြုသည့် နေရာနှင့် အနက်တို့ကြောင့် ကြီးကြီးမားမား အန္တရာယ် မကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် မြေငလျင်အေဂျင်စီ၏ အကြီးအကဲ ရီနာတိုဆိုလီဒန်က ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ပထဝီဝင် အနေအထားအရ ငလျင်လှုပ်ခတ်နိုင်ချေ မြင့်မားသည့် နိုင်ငံတစ်ခုဖြစ်ပြီး ငလျင်လှုပ်ခတ်မှုများနှင့်လည်း ကြုံတွေ့ရလေ့ရှိသော နိုင်ငံဖြစ်သည်။