News

POST TYPE

FOREIGN AFFAIRS

နယူးယောက် ဗုံးကွဲမှုအတွက် သံသယ ရှိသူကို အမေရိကန် အာဏာပိုင်များ ထုတ်ပြန်
19-Sep-2016
နယူးယောက်၊ စက်တင်ဘာ ၁၉

စနေနေ့ ညက နယူးယောက်မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူကို အမေရိကန် အာဏာပိုင်များက ထုတ်ပြန် ကြေညာလိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

လူ ၂၉ ဦး ဒဏ်ရာ ရရှိသွားခဲ့သော ပေါက်ကွဲမှုအတွက် သံသယရှိသူမှာ အမေရိကန် နိုင်ငံသား ခံယူထားသော အာဖဂန် နစ္စတန် လူမျိုး အသက် ၂၈ နှစ်အရွယ် အာမတ်ခန်းရာဟာမီ ဆိုသူ ဖြစ်ပြီး ၎င်း၏ ဓာတ်ပုံကိုပါ အာဏာပိုင်များက ထုတ်ပြန်ထားသည်။

သံသယရှိသူ၏ နောက်ဆုံး တည်နေရာမှာ နယူးဂျာစီပြည်နယ်၊ အဲလစ်ဇဘတ် ဖြစ်ပြီး သံသယ ရှိသူမှာ လက်နက် ကိုင်ထားနိုင်ကြောင်းလည်း တာဝန်ရှိသူများက သတိပေးထားသည်။

သံသယရှိသူနှင့် ပတ်သတ်ပြီး သတင်း အချက်အလက် တစ်စုံတစ်ရာ သိရှိထားသူ မည်သူမဆို အာဏာပိုင်များထံ ချက်ချင်း ဆက်သွယ် အကြောင်း ကြားရန်လည်း ထုတ်ပြန်ထားသည်။

တနင်္လာနေ့ မနက် အစောပိုင်းက နယူးဂျာစီပြည်နယ်၊ အဲလစ်ဇာဘတ်တွင် ပေါက်ကွဲနိုင်သည့် ကိရိယာ ၅ ခု ပါဝင်သော ကျောပိုးအိတ် တစ်လုံးကို စစ်ဆေး တွေ့ရှိခဲ့သေးပြီး ဗုံးရှင်းလင်းရေး အဖွဲ့များက စက်ရုပ်ဖြင့် စနက်တံ ဖြုတ်ရန် ကြိုးစားစဉ် ပေါက်ကွဲသွားခဲ့သည်။

ထိုပေါက်ကွဲသွားခဲ့သော ကျောပိုးအိတ်၏ ပိုင်ရှင်မှာ မည်သူမည်ဝါ ဖြစ်သည် ဆိုသည်နှင့် ပတ်သက်၍မူ အာဏာပိုင်များက ထုတ်ပြန် ကြေညာခြင်း မရှိသေးချေ။


  • VIA