News

POST TYPE

FOREIGN AFFAIRS

နယူးယောက်ပြည်နယ် တရားရုံးက ဝိန်းစတိန်းကုမ္ပဏီကို တရားစွဲ
နယူးယောက်၊ ဖေဖော်ဝါရီ ၁၂ 

နယူးယောက်ပြည်နယ် အစိုးရရှေ့နေများက ရုပ်ရှင်ထုတ်လုပ်သော ဝိန်းစတိန်းကုမ္ပဏီကို ဝန်ထမ်းတစ်ဦးအား အကာအကွယ်ပေးရန် ပျက်ကွက်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ရုပ်ရှင်ကုမ္ပဏီသည် မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရသော်လည်း သဘောဆန္ဒမပါသော လိင်ကိစ္စမဟုတ်ကြောင်း ငြင်းဆိုထားသည်။

ပိုင်ရှင် ဟာဗေးဝိန်းစတိန်းသည် အမျိုးသမီးလုပ်သားများကို အနိုင်ကျင့်ညှဉ်းပန်းခဲ့ပြီး ဝန်ထမ်းများကိုလည်း သတ်ပစ်မည်ဟု နှုတ်ဖြင့်ခြိမ်းခြောက်ခဲ့သည်ဟု အမှုတွင် စွဲချက်တင်ထားသည်။

ဝိန်းစတိန်း၏ ရှေ့နေက မျှတသော စုံစမ်းစစ်ဆေးမှုသည် စွပ်စွဲချက်များ မှားယွင်းကြောင်း ပြသလိမ့်မည်ဟု ပြောဆိုလိုက်သည်။ ဝိန်းစတိန်းကုမ္ပဏီကမူ မှတ်ချက်ပေးခြင်း မပြုပေ။

နယူးယောက်ပြည်နယ် ရှေ့နေချုပ် အီရစ်ရှနိုင်ဒါမန်က ဝိန်းစတိန်းကုမ္ပဏီ၊ ပိုင်ရှင် ဟာဗေးဝိန်းစတိန်းနှင့် တွဲဖက်တည်ထောင်သူ အစ်ကို ရောဘတ်ဝိန်းစတိန်းတို့ကို တရားစွဲဆိုလိုက်ပြီဟု ပြောကြားသည်။

ဟာဗေးဝိန်းစတိန်း ၆၅ နှစ်ကြောင့် နစ်နာခဲ့သူများအတွက် နစ်နာကြေးရရှိရန်နှင့် ပြစ်ဒဏ်များချမှတ်နိုင်ရန် ရှေ့နေချုပ်ရုံးက ကြိုးစားလျက်ရှိသည်။

စွဲချက်တွင် ရုပ်ရှင်စတူဒီယိုက အလုပ်ခန့်ထားသော အမျိုးသမီးများကို ဟာဗေးဝိန်းစတိန်းက နှစ်ပေါင်းများစွာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခဲ့သည်ဟု ဖော်ပြထားသည်။ အထောက်အထားဖြင့် တင်ပြလာသော နစ်နာသူကို ကာကွယ်တားဆီးပေးရန် ပျက်ကွက်မှုဖြင့် ရောဘတ်ဝိန်းစတိန်း အပါအဝင် အကြီးတန်း အမှုဆောင်များကိုလည်း တရားစွဲဆိုထားသည်။

F-04