News

POST TYPE

FOREIGN AFFAIRS

ထောင်မချနှင့် မိမိကိုပစ်သတ်ပါဟု အပြည်ပြည်ဆိုင်ရာတရားရုံးကို ဖိလစ်ပိုင်သမ္မတ ပြောကြား
13-Feb-2018



မနီလာ၊ ဖေဖော်ဝါရီ ၁၂

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အနေနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်လွန်မှုဖြင့် မိမိကို စုံစမ်းစစ်ဆေးနိုင်ကြောင်း ထောင်ဒဏ်ထက် သေဒဏ်စီရင်သည့်တပ်ဖွဲ့ဖြင့် ပစ်သတ်ခံရခြင်းကို လိုလားသည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း ထောင်နှင့်ချီသည့် ဖိလစ်ပိုင်များ သတ်ဖြတ်ခံရမှုအတွက် မိမိအပေါ်စွဲချက်တင်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးတွင် တရားစီရင်ပိုင်ခွင့် အာဏာ ရှိ၊ မရှိဆိုသည်ကိုလည်း ဖိလစ်ပိုင်သမ္မတက မေးခွန်းထုတ်ထားသည်။

သို့သော်လည်း လူသားမျိုးနွယ်အပေါ် ဒူတာတေး ရာဇဝတ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ ဆိုသည်နှင့်ပတ်သက်၍ ကနဦး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ICC ရှေ့နေ ဖာတူဘန်ဆိုဒါက ပြောကြားထားသည်။

“နှစ်ယောက်သား တစ်ခန်းမှာရှိနေတဲ့ ရှားပါးတဲ့အခွင့်အရေးကိုယူပြီး ကျွန်တော်တောင်းဆိုလိုပါတယ်။ ခင်ဗျားကို ကြိုဆိုပါတယ်။ ကျွန်တော် အပြစ်ရှိကြောင်း ရှာဖွေချင်တယ်ဆိုရင် ရှာပါ။ လူတွေကို သေနတ်နဲ့ပစ်ပြီး သေဒဏ်စီရင်တဲ့ နိုင်ငံတစ်ခုကို ရှာထားပါ။ ကျွန်တော်ကတော့ အသင့်ပဲ”ဟု ဘန်ဆိုဒါနှင့် အတူလုပ်ဆောင်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒူတာတေးက တောင်းဆိုလိုက်သည်။

ဒူတာတေး လုပ်ဆောင်လျက်ရှိသည့် မူးယစ်ဆေးဝါးစစ်ပွဲအတွင်း ဖိလစ်ပိုင်နိုင်ငံသား ၄၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရပြီး ယင်းလုပ်ဆောင်ချက်ကြောင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတစ်ခုလုံး အထိတ်တလန့် ဖြစ်ခဲ့ရသည်။

အမှန်တကယ် သေဆုံးသူအရေအတွက်သည် ယင်းထက်ပိုများကြောင်း ရဲတပ်ဖွဲ့အနေနှင့် စနစ်တကျဖုံးကွယ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားသော်လည်း ဖိလစ်ပိုင်အစိုးရက ငြင်းဆိုထားသည်။

ICC ၏ လုပ်ထုံးလုပ်နည်းများ အရစုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခြင်းသည် တရားဝင်လုပ်ငန်းစဉ်၏ ပထမအဆင့်ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံတစ်ခုခုအတွင်းရှိ အခြေအနေသည် တရားစီရင်ရန် သင့်မသင့်ကို သုံးသပ်မည်ဖြစ်သည်။

သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတစ်ခုခုက တရားစွဲဆိုရန် ပျက်ကွက်မှသာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးအနေနှင့် တရားစွဲဆိုပိုင်ခွင့်ရှိမည် ဖြစ်ခြင်းကြောင့် တရားစီရင်ခွင့် အာဏာ ရှိ၊ မရှိ ဆိုသည့် အချက်သည် အရေးပါလျက်ရှိသည်။

F-05


  • VIA