News

POST TYPE

FOREIGN AFFAIRS

ဘာလင်တွင် ပြန်ပေးဆွဲခံရသော ဗီယက်နမ်လုပ်ငန်းရှင် ဟနွိုင်းတရားရုံးက ထောင်ဒဏ်တစ်သက်ချ
23-Jan-2018
ဘာလင်၊ ဇန်နဝါရီ ၂၂

၂၀၁၇ ခုနှစ်အတွင်းက ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ပန်းခြံတစ်ခုတွင် လမ်းလျှောက်နေရင်း ပြန်ပေးဆွဲအဖမ်းခံလိုက်ရသော ဗီယက်နမ်လုပ်ငန်းရှင် မစ္စတာ တင်ရွှမ်သန်းသ်ကို ယခုအခါ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တရားရုံးတွင် ရုံးထုတ်လျက် ပြန်မြင်ရပြီဖြစ်ကြောင်း DW သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် အကျင့်ပျက်လာဘ်စားမှုဖြင့် ဖမ်းဆီးရုံးထုတ်လာသော လုပ်ငန်းရှင် ၂၀ ဦးကျော်တွင် မစ္စတာ တင်ရွှမ်သန်းသ်လည်း ပါဝင်လာခြင်းဖြစ်သည်။ 

အဆိုပါစီးပွားရေးလုပ်ငန်းရှင်ကို ဗီယက်နမ်တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပြီဖြစ်သည်။ အစိုးရပိုင် Petro Vietnam လုပ်ငန်းကြီး၏ အမှုဆောင် ၂၂ ဦးကို အရေးယူရာတွင် ၎င်းလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။ 

ယခုရက်ပိုင်းတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ဗီယက်နမ်ကွန်မြူနစ် ပေါ်လစ်ဗြူရိုဟောင်း မစ္စတာ ဒင်လာသန်းကိုလည်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သေးသည်။

ဗီယက်နမ်သည် မစ္စတာသန်းသ်ကို ဘာလင်ပန်းခြံတစ်ခြံအတွင်းမှ အတင်းဖမ်းဆီးအကျပ်ကိုင်ကာ ဗီယက်နမ်ကို ပြန်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဂျာမနီဘက်က စွပ်စွဲထားသည်။ 

ဗီယက်နမ်အစိုးရကမူ အတင်းဖမ်းဆီးခြင်းမရှိပါကြောင်း တန်ပြန်ပြောဆိုထားသည်။

PetroVietnam လုပ်ငန်း၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ငွေကြေးအလွဲသုံးမှုများရှိသည်ဟု မစ္စတာသန်းသ်ကို စွပ်စွဲထားခြင်းဖြစ်သည်။

F-02


  • VIA