News

POST TYPE

FOREIGN AFFAIRS

ထရမ့်၏ “မသတီစရာ မစင်တွင်းများ”ဆိုသော အသုံးနှုန်းအပေါ် ပြန်လည် တောင်းပန်ရန် အာဖရိကသမဂ္ဂ တောင်းဆို
14-Jan-2018
အက်ဒစ်အဘာဘာ၊ ဇန်နဝါရီ ၁၃

ထရမ့်၏ “မသတီစရာမစင်တွင်းတိုင်းပြည်များ” ဆိုသော စကားအသုံးနှုန်းကြောင့် အာဖရိက နိုင်ငံများ မကျေမန်ပ် ဖြစ်နေကြပြီး ပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့သည် ဟု Xinhua သတင်းဌာန တွင် ဖော်ပြခဲ့သည်။

ဟေတီ၊ အယ်လ်ဆယ်ဗေဒေါ နှင့် အာဖရိကတိုင်းပြည်များအား မသတီစရာ မစင်တွင်းများဟု ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဝါဒ ပြုပြင်ပြောင်းလဲရန်အတွက် အမတ်များနှင့် တွေ့ဆုံဆွေးနွေးချိန်တွင် ထရမ့်က သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

ထရမ့် အခုလို ပြောလိုက်ခြင်းဟာ ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်၏ လွှမ်းမိုးမှု လျော့သွားနိုင်သည် ဟု Ethiopian Foreign Relations Strategic Studies (EFRSS) မှ အကြီးတန်း သုတေသန ပြုသူ အဘီဘီအရန်တီမှ ဆိုသည်။

အစည်းအဝေးတွင်း မိမိသုံးနှုန်းခဲ့သော အသုံးအနှုန်းများမှာ ကြမ်းတမ်းသော်လည်း မသတီစရာ မစင်တွင်းများ ဟူသော အသုံးအနှုန်းအား မသုံးခဲ့ကြောင်း ထရမ့်မှ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖြေရှင်းခဲ့သည်။

ထရမ့်၏ သက်သေ မရှိသော ဖြေရှင်းချက်ကြောင့် အာဖရိက၊ ဥရောပနှင့် လက်တင်အမေရိကရှိ အကြီးအကဲများမှ ဒေါသထွက်နေကြပြီး UN ကလည်း ပြစ်တင်ရှုံ့ချကာ အမေရိကန် သံတမန်များ အား ခေါ်ယူ သတိပေး ခဲ့သည်။

“ထရမ့် အသုံးပြုခဲ့တဲ့ စာနာစိတ်ကင်းမဲ့တဲ့ စကားကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သံတမန်ရေးရာ အဖွဲ့အစည်းတွေ အံ့အားသင့်ခဲ့ရပြီး အချိန် အတော်ကြာအောင် အရာထင်ကျန်ခဲ့မှာပါ”ဟု အရန်တီက ပြောသည်။

ထရမ့်၏ စကားများမှာ ကြမ်းတမ်းပြီး နာကျင်စေခဲ့သည်ဟု အာဖရိကသမဂ္ဂ(AU) မှ ထုတ်ပြန်ခဲ့သည်။

“အံသြ၍ တုန်လှုပ်ခြောက်ခြားသော်လည်း အာဖရိကတိုက်နှင့် အာဖရိကတိုက်အတွင်းရှိ ပြည်သူများအား လက်ရှိအုပ်ချုပ်မှု အခြေအနေကြောင့် နားလည်မှုကြီးမားစွာလွဲပြီး ပြောခဲ့ခြင်းသာဖြစ်မည်ဟု အာဖရိက ကုလသမဂ္ဂမှ ယုံကြည်သည်။ အမေရိကန် အုပ်ချုပ်မှုနှင့် အာဖရိက နိုင်ငံများ၏အုပ်ချုပ်မှုကြားတွင် နားလည်မှု ပေးနိုင်ရန် အပြန်အလှန် ဆွေးနွေးမှု တစ်ခုလိုအပ်နေသည်”ဟု အာဖရိကသမဂ္ဂမှ ထုတ်ပြန်ခဲ့သည်။

ထရမ့်အား အာဖရိကရှိ အာဖရိကသားများကို သာမက ကမ္ဘာတစ်ဝှမ်းရှိ အာဖရိက နွယ်ဖွားများအား ပြန်လည်တောင်းပန်ရန် အာဖရိကသမဂ္ဂမှ တောင်းဆိုခဲ့သည်။

F-06