News

POST TYPE

FOREIGN AFFAIRS

အက်ရာတွေ့ပြီးနောက် ကျည်ဆန်ရထား ၄၈၀ဝ စင်းလုံးကို စစ်ဆေးရန် ဂျပန်ပို့ဆောင်ရေးဝန်ကြီး အမိန့်ပေး
17-Dec-2017


တိုကျို၊ ဒီဇင်ဘာ ၁၆

ယခု ရက်သတ္တပတ် အစောပိုင်းတွင် ကျည်ဆန်ရထား တစ်စင်း၌ အက်ရာတစ်ခု တွေ့ရှိခဲ့ရခြင်းကြောင့် ကျည်ဆန်ရထား ၄၈၀ဝ စင်းလုံးကို စစ်ဆေးရန် ဂျပန် ပို့ဆောင်ရေးဝန်ကြီး ကီချီ အစ်ချီ အမိန့် ပေးသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဆင်ကန်ဆန် ကျည်ဆန်ရထား အသုံးပြုလျက်ရှိသည့် ဂျပန် မီးရထားကုမ္ပဏီ ၅ ခုကို ၎င်းတို့၏ ရထားအားလုံး စစ်ဆေးရန် အမိန့်ပေးထားကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပို့ဆောင်ရေး ဝန်ကြီး အစ်ချီက ပြောကြားသွားသည်။

ကျည်ဆန်ရထားတွဲတစ်ခု၏ အောက်ပိုင်းတွင် ဆီယိုပေါက်တစ်ခုနှင့် အက်ရာတစ်ခု တွေ့ရှိပြီးနောက် ယခုကဲ့သို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

မီးခိုးငွေ့နှင့် ထူးဆန်းသည့်အသံများ ကြားမြင်ခဲ့ရကြောင်း ရထား အမှုထမ်းတစ်ဦးက သတင်း ပေးပို့ပြီးနောက် ၃ နာရီအကြာတွင် အက်ရာကို ရှာတွေ့ခဲ့ရခြင်း ဖြစ်သည်။

ယင်းကဲ့သို့သော အက်ရာမှတစ်ဆင့် အဆိုးရွားဆုံးသော ဖြစ်စဉ်များ ပေါ်ပေါက်နိုင်ကြောင်း ပို့ဆောင်ရေး အရာရှိများက သတိပေးထားသည်။

“အဲဒါက ထူးခြားဖြစ်စဉ်ပါ။ ဆိုးရွားတဲ့ဖြစ်ရပ်ဖြစ်နိုင်တာ ကျွန်တော်တို့ သိပါတယ်။ မတော်မတဆမှုတွေတောင် ဖြစ်နိုင်ပါတယ်”ဟု ဂျပန်ပို့ဆောင်ရေး ဘေးကင်းမှု ဘုတ်အဖွဲ့မှ အရာရှိတစ်ဦးက ပြောကြား သွားသည်။

ထို့အပြင် ရထားတွင် အက်ရာတွေ့ကြောင်း သတင်းပေးပို့ပြီးနောက် ၃ နာရီ ကြာသည်အထိ ဆက်လက် အသုံးပြုခဲ့ခြင်း အကြောင်းရင်းကို ရှာဖွေရန်လည်း ဂျပန်ပို့ဆောင်ရေးဝန်ကြီးက အမိန့်ပေးထားသည်။

ဂျပန် နိုင်ငံ၏ ကျည်ဆန်ရထားသည် ဘေးအကင်းဆုံး မှတ်တမ်းရှိပြီး စတင် အသုံးပြုခဲ့သည့် ၁၉၆၄ ခုနှစ်မှစတင်၍ ခရီးသည်တစ်ဦးမျှ ထိခိုက်ခြင်း၊ သေဆုံးခြင်း မရှိသေးပေ။

F-05

  • VIA