News

POST TYPE

FOREIGN AFFAIRS

B-1B လေဆာဗုံးကြဲဂျက်လေယာဉ်များဖြင့် မြောက်ကိုရီးယားအနီးတွင် အမေရိကန်တိုက်ခိုက်ရေး လေ့ကျင့်
07-Dec-2017

ဆိုးလ်၊ ဒီဇင်ဘာ ၆

တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့ ပူးပေါင်းလျက် မြောက်ကိုရီးယားအနီးတွင် ဧရာမလေကြောင်း ထိုးစစ်စစ်ဆင်ရေးစစ်ရေး လေ့ကျင့်လျက်ရှိရာတွင် အမေရိကန်စွမ်းအားမြင့် ဖိုက်တာဂျက် B-1B လေဆာဗုံးကြဲလေယာဉ်များ အသုံးပြုပြီး ပါဝင်လေ့ကျင့်လျက်ရှိကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

စစ်ရေးလေ့ကျင့်ရာကွင်းတစ်ခုကို အသုံးပြုလျက် B-1B လေဆာဗုံးကြဲလေယာဉ်များက ဗုံးများကြဲချခဲ့သည်။ 

အမေရိကန်ပြည်မအထိ ပစ်ခတ်နိုင်သော တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို အမေရိကန် ပြည်ထောင်စုက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတို့ ပြုလုပ်ခဲ့တိုင်း အမေရိကန်ပြည်ထောင်စုက အဆိုပါ ဗုံးကြဲလေယာဉ်သစ်များကို သွားရောက် တပ်စွဲစေခဲ့သည်။  

အဆိုပါ အမေရိကန် ဗုံးကြဲလေယာဉ်သစ်များ ပါဝင်ခြင်းကို တောင်ကိုရီးယား စစ်တပ်ကလည်း ထုတ်ပြန်ထားသည်။ 

မြောက်ကိုရီးယားနယ်စပ်၏ ၉၃ ကီလိုမီတာအကွာအထိ လေကြောင်း စစ်ရေးလေ့ကျင့်မှုကို အပြင်းအထန် ပြုလုပ်နေကြောင်း တောင်ကိုရီးယား သတင်းဌာန Yonhap က ရေးသားဖော်ပြထားသည်။

မြောက်ပိုင်းက ဒုံးကျည်ပစ်ပြပြီး တစ်ပတ်အကြာတွင် စတင်ပြုလုပ်သော လေကြောင်းထိုးစစ်လေ့ကျင့်ရေးတွင် လေယာဉ်အစင်း ၂၀ဝ နှင့် စစ်သားထောင်ပေါင်း များစွာပါဝင်ပြီး သောကြာနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ 

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်တိုင်း ရှုတ်ချလေ့ရှိသော မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုသည် နျူကလီးယားစစ်ပွဲ ဖြစ်ရန်အတွက် ရန်လိုခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ 

ကုလသမဂ္ဂ၏ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ ဂျက်ဖရီဖယ်တ်မန်း မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက် စကားပြောဆိုနေစဉ် အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့က အဆိုပါ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

မြောက်ကိုရီးယားက လတ်တလော ပြုလုပ်ခဲ့သည့် ပစ်ခတ်မှုအပြီးတွင် နိုင်ငံတကာက ရှုတ်ချခဲ့ပြီး စစ်ဖြစ်ပါက မြောက်ကိုရီးယားအနေနှင့် အလုံးစုံပျက်စီးသွားမည်ဟု အမေရိကန်က သတိပေးခဲ့သည်။ 
F-04


  • VIA