News

POST TYPE

FOREIGN AFFAIRS

ဘင်္ဂါလီအရေးကိစ္စအတွက် လုံခြုံရေး ကောင်စီ အထူး အစည်းအဝေးပွဲ ကျင်းပရန် စီစဉ်လျက်ရှိဟု သတင်းထွက်
05-Dec-2017

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၅ 

ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီလူမျိုးများအပေါ် လူမျိုးဖြုတ် ရှင်းလင်းမှုများ၊ မုဒိမ်းမှုများနှင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းရှိသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အထူးအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ရန်ရှိသည်ဟု ကုလသမဂ္ဂသတင်း ရင်းမြစ်များ၏ ပြောကြားချက်ကို Reuters သတင်းဌာနက တနင်္လာနေ့တွင် ကိုးကားဖော်ပြသည်။ 

“ဒီဇင်ဘာလလ ၅ ရက်မှာ အထူး အစည်းအဝေးပွဲ လုပ်မှာပါ”ဟု ကုလသမဂ္ဂမှ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ 

လုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ရိုလန်ဒိုဂိုးမက်ဇ်ကမူ မည်သည့်နေ့ရက်တွင် အဆိုပါ အထူး အစည်းအဝေး ကျင်းပမည်ကို အတည်ပြု ပြောကြားမှု မပြုပေ။ 

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အထူး အစည်းအဝေးပွဲတစ်ရပ်ပြုလုပ်ဖို့ လုပ်ဆောင်နေတာတွေတော့ ရှိပါတယ်”ဟုသာ ၎င်းက ပြောကြားသည်။ 

ထိုသို့ အထူး အစည်းအဝေးပွဲ ပြုလုပ်မည့်ကိစ္စအတွက် အဖွဲ့ဝင် ၄၇ နိုင်ငံရှိသည့်အနက် အနည်းဆုံး ၁၆ နိုင်ငံက မဖြစ်မနေ တောင်းဆိုမှသာ ကျင်းပ၍ရသည်။ ယခု ဘင်္ဂါလီအရေးနှင့် သက်ဆိုင်သည့် အထူး အစည်းအဝေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် အခြား မွတ်ဆလင် အများစုရှိရာ နိုင်ငံများက အဆိုပြုမှုကို ထောက်ခံကြမည်ဟု မျှော်လင့်ရသည်။ 

လုံခြုံရေးကောင်စီသည် ပြီးခဲ့သည့် မတ်လအတွင်း ရခိုင်ပြည်နယ်၊ ဘင်္ဂါလီ အရေးကိစ္စအတွက် အချက်အလက် ရှာဖွေရေး အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။ ယင်းအဖွဲ့မှ စုံစမ်းစစ်ဆေးသူများက နိုဝင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂါလီမွတ်ဆလင်များနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ သတ်ဖြတ်မှု၊ မုဒိမ်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ စနစ်တကျ လုပ်ဆောင်ခဲ့သည့် အနေအထားများကို တွေ့ရှိခဲ့ကြသည်ဟုဆိုသည်။ 

F-01

  • VIA