News

POST TYPE

FOREIGN AFFAIRS

ပြင်သစ်ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်စီကာ အမျိုးသားရေးဝါဒီများ ထောက်ခံမဲ အများအပြားရရှိ
05-Dec-2017

ပဲရစ်၊ ဒီဇင်ဘာ ၄

ပြင်သစ်နိုင်ငံ ကော်စီကာကျွန်းဒေသဆိုင်ရာ ရွေးကောက်ပွဲတွင် ကော်စီကာ အမျိုးသားရေးဝါဒီများ ထောက်ခံမဲ ထက်ဝက်နီးပါး ရရှိခဲ့သဖြင့် ပဲရစ်အုပ်ချုပ်မှူးထံမှ ပိုမိုလွတ်လပ်ခွင့် တောင်းဆိုလာနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အသစ်ဖွဲ့စည်းလိုက်ပြီး လုပ်ပိုင်ခွင့် များပြားသည့် ဒေသဆိုင်ရာ ညီလာခံအတွက် ရွေးကောက်ပွဲ ကျင်းပရာတွင် ကိုယ်ပိုင်အုပ်ချုပ်မှု လိုလားသည့် ခေါင်းဆောင် ဂီလတ်စီမီယိုနီက ထောက်ခံမဲ ၄၅ ဒသမ ၃၆ မဲရရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒုတိယအကျော့ ရွေးကောက်ပွဲကို လာမည့် တနင်္ဂနွေနေ့တွင် လုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ပြင်သစ် သမ္မတအီမန်နျူရယ် မတ်ခွန်၏ ပါတီမှာ ကော်စီကာကျွန်း ရွေးကောက်ပွဲတွင် ၁၁ ဒသမ ၂၆ ရာခိုင်နှုန်းသာ ရရှိထားသည်။

ပြီးခဲ့သည့် ဧပြီနှင့် မေလ သမ္မတ ရွေးကောက်ပွဲတွင်လည်း မတ်ခွန်၏ပါတီမှာ ကော်စီကာကျွန်းတွင် ထောက်ခံမဲများပြား ခဲ့ခြင်းမရှိပေ။

ယင်းကဲ့သို့ထောက်ခံမဲ ကျဆင်းနေခြင်းသည် ပဲရစ်ဗဟိုအစိုးရအပေါ် ကော်စီကာကျွန်းသားတို့၏ ယုံကြည်ချက် ကျဆင်းနေခြင်းကို ဖော်ပြမှုဖြစ်ပြီး ပြင်သစ်နိုင်ငံတစ်ဝန်း ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း မတ်ခွန်၏ Republic On the Move ပါတီက ထုတ်ပြန်ထားသည်။

F-05


  • VIA