News

POST TYPE

FOREIGN AFFAIRS

ဆီးရီးယားမြို့တစ်ဝက်ကို အစိုးရတပ်ထံမှ IS ပြန်လည်သိမ်းယူ
12-Nov-2017


ဒမတ်စကတ်၊ နိုဝင်ဘာ ၁၁

ဆီးရီးယား အယ်ဘူကမယ်မြို့ ဧရိယာထက်ဝက်ကို အစိုးရတပ်များထံမှ အစ္စလာမ္မစ်နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့က ပြန်လည် သိမ်းယူလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အရှေ့ဘက် နယ်ခြားမြို့ဖြစ်သည့် အယ်ဘူကမယ်မြို့ကို မဟာမိတ်များ အကူအညီဖြင့် သိမ်းယူလိုက်နိုင်ပြီဟု ကြာသပတေးနေ့တွင် ဆီးရီးယား အစိုးရတပ်က ထုတ်ပြန်ထားသော်လည်း ယခုအခါ မြို့တစ်ဝက်ကို IS တို့က ပြန်လည် သိမ်းယူသွားပြီဖြစ်သည်။

ယင်းမြို့ အရှေ့ဘက်ရှိ ရွာများနှင့် အခြားသော ဒေသများသို့စစ်သွေးကြွများ ဆုတ်ခွာသွားပြီဟု အစောပိုင်းတွင် သတင်းများ ပေါ်ထွက်ခဲ့ပြီး ယခုအခါ ပြန်လည် တိုက်ခိုက်လာခြင်းဖြစ်သည်။

အယ်ဘူကမယ်မြို့သည် ဆီးရီးယား နိုင်ငံတွင်းရှိ IS တို့ ၏ နောက်ဆုံးသော မြို့ပြ အခိုင်အမာ စခန်းနေရာဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် အီရတ်နှင့် ဆီးရီးယား နယ်မြေအများစုကို IS တို့ သိမ်းယူလိုက်ကာ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း စစ်ရေးအရ အရေးနိမ့်မှုများ ဆက်တိုက် ပေါ်ပေါက်လျက်ရှိသည်။

ရုရှားတိုက်လေယာဉ်များ၊ အီရန် ပြည်သူ့စစ်များ အကူအညီဖြင့် ဟွန်းပြည်နယ် အပါအဝင် ဆီးရီးယားအလယ်ပိုင်းရှိ IS နယ်အများစုကို ဆီးရီးယား အစိုးရတပ်များ ပြန်လည် သိမ်းယူလျက်ရှိခြင်းကြောင့် နိုင်ငံအရှေ့ပိုင်းတွင် ရှိနေသည့် နောက်ဆုံး ခြေကုပ်နယ်များသို့ IS တို့ ဆုတ်ခွာနေရသည်။

F-05

  • VIA