News

POST TYPE

FOREIGN AFFAIRS

မြန်မာ့ပဋိပက္ခဖြစ်စဉ်ကို ကုလသမဂ္ဂထက် အစ္စရေးက ပိုနားလည်ကြောင်း ထိပ်သီး သံတမန်ပြောကြား
10-Nov-2017


ဂျေရုဆလင်၊ နိုဝင်ဘာ ၉

မြန်မာလူ့အဖွဲ့အစည်းဘက်မှ လူ့ အခွင့်အရေး ချိုးဖောက်သည်ဟူသော သတင်းများ နိုင်ငံတကာ မီဒီယာများပေါ်တွင် ပလူပျံနေစဉ် ဗြိတိန်အခြေစိုက် အာရပ် ကမ္ဘာလေ့လာစောင့်ကြည့်ရေး သတင်းဌာန Middle East Monitor က အစ္စရေး သံတမန်တစ်ဦးကို ကိုးကားလျက် မြန်မာ့ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂထက် အစ္စရေးက ပိုနားလည်ကြောင်း ရေးသားဖော်ပြထားသည်။

နယူးယောက်မြို့ အစ္စရေးဒုတိယ ကောင်စစ်ဝန် အေမီရာဆာဂျီက  ပြောသည်မှာ အစ္စရေးအနေနှင့် မြန်မာစစ်တပ်ကို လက်နက် ရောင်းပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ ကြုံနေရသည့် အခြေအနေကို ကုလသမဂ္ဂထက် အစ္စရေးက ပိုမိုနားလည်ပါကြောင်းဟူ၍ ဖြစ်သည်။ 

ရိုဟင်ဂျာဟု အများက ခေါ်ဆိုသူများသည်လည်း စစ်ရာဇဝတ်မှု ကျူးလွန်သူများဖြစ်ပါကြောင်း ၎င်းက ပြောသည်ဟု ဆက်လက်ဖော်ပြထားသည်။

အမေရိကန် ဂျူးဓမ္မဆရာ (ရာဘိုင်) များက အစ္စရေး ကောင်စစ်ဝန်ရုံးနှင့် စကားပြောရာတွင် မြန်မာနိုင်ငံသို့ လက်နက် ရောင်းနေသည့်ကိစ္စအပေါ် အစ္စရေးကို ဝေဖန်ခဲ့သည်။ 

ထိုအခါ အစ္စရေး သံတမန်အရာရှိက မြန်မာ့ပဋိပက္ခတွင် နှစ်ဘက်လုံးက စစ်ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့ပါသည်။

“မြန်မာပြည်မှာဖြစ်နေတဲ့ ကိစ္စရပ်အပေါ် အစ္စရေးနဲ့ ပတ်သက်ခြင်း လုံးဝ မရှိဘူးလို့ ကျွန်တော်တို့ ငြင်းဆန်ပါတယ်။ ရိုဟင်ဂျာ (မူရင်း အသုံးအနူန်း) တွေ ဖြစ်နေကြတာနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ဆက်စပ်တာမျိုး မရှိပါဘူး”ဟု ဒုတိယ ကောင်စစ်ဝန် အေမီရာဆာဂျီက ပြောကြားသည်။ 

အစ္စရေး- မြန်မာလက်နက်ရောင်း ဝယ်မှုနှင့် ပတ်သက်၍မူထုတ်ဖော်ပြောဆိုရန် ၎င်းက ငြင်းဆန်သည်။

“အစ္စရေးဟာ ကျွန်တော်တို့ မိတ်ဆွေတွေ ဒါမှမဟုတ် ရန်သူတွေနဲ့ စစ်ရေးအရ၊ ကာကွယ်ရေးအရ ဆက်နွယ်နေမှုတွေကို လူသိရှင်ကြား ဆွေးနွေးမှာမဟုတ်ဘူး”ဟု မစ္စတာ အေမီရာဆာဂျီ က ပြောကြားခဲ့သည်။ 

အစ္စရေးနှင့် မြန်မာတို့သည် လက်နက်ကုန်သွယ်မှုကဏ္ဍတွင် ခိုင်မာအားကောင်းသော ဆက်ဆံရေးရှိသည်။ 

F-02

  • VIA