News

POST TYPE

FOREIGN AFFAIRS

Baywatch ရုပ်ရှင်ကားအတွက် ဇက်အက်ဖရွန် ဘာတွေ ပြင်ဆင်ခဲ့သလဲ
31-Aug-2016

High School Musical ရုပ်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ ဟောလိဝုဒ်မင်းသား ဇက်အက်ဖရွန်ကတော့ ၂၀၁၇ မှာ ထွက်ရှိလာမယ့် Baywatch ရုပ်ရှင်ကားအတွက် နာမည်ကြီး ရေကူးသမား ရိုင်ယန်လော့ခ်ျ ကို လေ့လာခဲ့ရတယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

ဇက် ဟာ Baywatch ရုပ်ရှင်ကားမှာ တရားဥပဒေကို ချိုးဖောက်ခဲ့တဲ့ ရွှေတံဆိပ်ဆုရှင် ရေကူးသမား အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး ၂၀၁၆ ရဲ့ ၀င်ငွေအကောင်းဆုံး သရုပ်ဆောင် ဒီဝိန်းဂျွန်ဆင်နဲ့ တွဲဖက် သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဇက် က အဲဒီ ဇာတ်ရုပ်နေရာအတွက် အမေရိကန်ရဲ့ နာမည်ကြီး ရေကူးသမား ရိုင်ယန်လော့ခ်ျကို အတုယူခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး သူ့ရဲ့ရေကူးဟန်တွေ၊ လမ်းလျှောက်ပုံတွေကို အတုခိုးထားတယ်လို့ ၀န်ခံလိုက်ပါတယ်။

၂၀၁၇ မေလမှာ ထွက်ရှိလာမယ့် အဲဒီ ရုပ်ရှင်ဟာ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Baywatch တီဗီဇာတ်လမ်းတွဲကို ပြန်လည်ဆန်းသစ်ထားခြင်းဖြစ်တယ်လို့ ဒါရိုက်တာ ဆက်ဂေါ်ဒွန်က ကြေညာထားပြီး ပါရာမောင့် ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိမှာဖြစ်ပါတယ်။

Ref:TheSun

  • VIA