News

POST TYPE

FOREIGN AFFAIRS

ကိုရီးယားကျွန်းဆွယ်ဒေသတွင် ဗုံကြဲလေယာဉ်များ ပျံသန်းပြီး မြောက်ကိုရီးယားကို အမေရိကန် စစ်အင်အားပြ

ဝါရှင်တန်၊ အောက်တိုဘာ ၁၁

အမေရိကန်စစ်ဘက်မှ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များသည် အင်အားပြသသည့်အနေနှင့် ကိုရီးယားကျွန်းဆွယ်ဒေသ ကောင်းကင်ယံတွင် အင်္ဂါနေ့က ပျံသန်းခဲ့ကြကြောင်ျးွနကအနမျ သတင်း ဌာနက ရေးသားဖော်ပြသည်။ 

သမ္မတဒေါ်နယ်ထရမ့်နှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိကြီးများတွေ့ဆုံပြီး မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများအပေါ် မည်သို့ တုံ့ပြန်မည်ကို ဆွေးနွေး တိုင်ပင်ချိန်တွင် အမေရိကန် စစ်တပ်မှ ဗဟာဗျူဟာဗုံးကြဲ လေယာဉ်နှစ်စင်း ယင်းသို့ပျံသန်းခဲ့ခြင်း ဖြစ်သည်။ 

ဂူအမ်ကျွန်း စစ်အခြေစိုက်စခန်းရှိ အမေရိကန်လေတပ်မှ B-1B အမျိုးအစား မဟာဗျူဟာ ဗုံးကြဲလေယာဉ်နှစ်စင်းသည် တောင်ကိုရီးယားနိုင်ငံမှ F-15 ဂျက်တိုက် လေယာဉ်များနှင့် ပူးပေါင်းပြီး ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ပျံသန်းခဲ့ကြကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ကြေညာချက် ထုတ်ပြန်သည်။ 

မြောက်ကိုရီးယားနိုင်ငံက လက်နက်စမ်းသပ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သလို ထရမ့်နှင့် ကင်ဂျုံအန်းတို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပုတ်ခတ် ပြောဆိုခဲ့ကြပြီး နောက် ဝါရှင်တန်နှင့် ပြုံယမ်းအကြား ဆက်ဆံရေးမှာ အလွန်အမင်း ဆိုးရွားသွားခဲ့သည်။ 

အမေရိကန် ပြည်ထောင်စုက သီးခြားထုတ်ပြန်သော ကြေညာချက်တွင် ဂျပန်ဂျက်တိုက် လေယာဉ်များနှင့်လည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းလေ့ကျင့်မှုသည် အမေရိကန် ဗုံးကြဲလေယာဉ်များ အနေနှင့် ဂျပန်ရော တောင်ကိုရီးယားက တိုက်လေယာဉ်များနှင့်ပါ တစ်ညတည်းဖြင့် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုဖြစ်သည်။ 

ဗုံးကြဲ လေယာဉ်နှစ်စင်းသည် တောင်ကိုရီးယား လေပိုင်နက်ထဲသို့ ဝင်ရောက်သွားပြီးနောက် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်ပစ်လွှတ် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံအကြား ပင်လယ်ပြင်အထက်တွင် အလားတူ လေ့ကျင့်မှုမျိုး ထပ်မံ ပြုလုပ်ခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် နှစ်စင်းကို ဂျပန်နိုင်ငံအပေါ် ဖြတ်သန်းပစ်လွှတ်ခဲ့ပြီး ခြောက်ကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ် ဖောက်လုပ်ခြင်းဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကို စိန်ခေါ်ခဲ့သည်။

ထို့ပြင် ပစိဖိတ်သမုဒ္ဒရာအတွင်း ဂူအမ်ကျွန်းရှိ အမေရိကန်ပိုင်နက်ကိုလည်း ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံသည် အာဏာရ အလုပ်သမားပါတီ ထူထောင်ခြင်း ၇၂ နှစ်ပြည့် အထိမ်းအမှတ် ကာလထဲသို့ ရောက်ရှိနေရာ အလားတူ ရန်စပြုမူမှုများ ထပ်မံ ပြုလုပ်လာနိုင်သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန် အစိုးရအရာရှိများက သတိပေးထားကြသည်။

E-01