News

POST TYPE

FOREIGN AFFAIRS

အမြွှာစုံတွဲနှစ်တွဲရဲ့ ထူးထူးခြားခြား မင်္ဂလာဧည့်ခံပွဲ
28-Aug-2016

ဒီပုံက သင်ထင်သလို မင်္ဂလာမောင်နှံ တစ်စုံရဲ့ ဓာတ်ပုံ နှစ်ခုကို ဆက်ထားတာ မဟုတ်ဘဲ မျက်နှာပေါက်နဲ့ ကိုယ်လုံးကိုယ်ထည်ချင်း ချွတ်စွပ်တူတဲ့ အမြွှာ နှစ်တွဲက မင်္ဂလာဝတ်စုံ တစ်ပုံစံတည်း ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။

ဒါရီယာ နဲ့ မာရီယာလို့ ခေါ်တဲ့ အမြွှာညီအစ်မ နှစ်ဦးနဲ့ ကွန်စတန်တင်နဲ့ ရို့စ်တီစလပ်ဗ် လို့ခေါ်တဲ့ အမြွှာညီအစ်ကို နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲ နှစ်ပွဲကို ရုရှားနိုင်ငံ အနောက်ပိုင်းက ဇူကိုဗ်ဆိုတဲ့မြို့မှာ တစ်ပြိုင်တည်း တစ်နေရာတည်းမှာ ကျင်းပခဲ့ကြပါတယ်။

မကြာသေးမီ ရက်ပိုင်းက ကျင်းပခဲ့တဲ့ အဲဒီ မင်္ဂလာပွဲမှာ မင်္ဂလာဝတ်စုံဆင်တူ ဝတ်ဆင်ထားတဲ့ မောင်နှံ နှစ်တွဲကို ဧည့်ပရိသတ်တွေက ခွဲမရအောင် ဖြစ်ခဲ့ကြပါတယ်။

ပိုပြီး အံ့သြစရာ ကောင်းတဲ့အချက်ကတော့ သူတို့ နှစ်တွဲဟာ တစ်တွဲနဲ့ တစ်တွဲ မိတ်မဆက်ပေးရသေးဘဲ သီးခြားစီ တွေ့ဆုံ ရည်ငံခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်မှ သူတို့ရဲ့ ချစ်သူတွေနဲ့ အချင်းချင်း မိတ်ဆက်ပေးကြတဲ့အခါ အတော်လေး အံ့အား သင့်ခဲ့ကြရတယ်လို့ သတို့သား တစ်ဦးဖြစ်တဲ့ ရို့စ်တီစလပ်ဗ်က ပြောပြပါတယ်။

Ref : Daily Mail

  • VIA