News

POST TYPE

FOREIGN AFFAIRS

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး သရုပ်ဆောင် အဖြစ် Dwayne Johnson ရပ်တည်
26-Aug-2016

နပန်းသမားဘဝမှ ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသူ  Dwayne Johnson သည် သြဂုတ် ၂၅ (ကြာသပတေးနေ့) တွင် ထုတ်ပြန်သည့် Forbe မဂ္ဂဇင်း၏ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်စာရင်းတွင် ၂၀၁၆ ခုနှစ် ခန့်မှန်းဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄ဒသမ၅ သန်းရရှိကာ ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်သော ဂျွန်ဆင်သည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့သည့် ရောဘတ် ဒေါင်နေး ဂျူနီယာကို ကျော်ပြီး ရရှိခဲ့ခြင်းဖြစ်သည်။ သူ၏ နောက်ဆုံးထွက်သည့် ရုပ်ရှင်ဖြစ်သော “ Central Intelligent” ရုပ်ရှင်အပါအဝင်၊ “fast and furious” ဇာတ်လမ်းမှလည်း ဝင်ငွေများ ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချမ်းက ဒေါ်လာ ၆၁ သန်းရရှိကာ ဒုတိယဝင်ငွေအကောင်းဆုံး အဖြစ်လည်းကောင်း၊ မတ်ဒီမွန်က သူ၏ ၂၀၁၅ ခုနှစ်တွင် ထွက်ရှိခဲ့သည့် အာကာသ ဇာတ်လမ်းဖြစ်သော “The Martian” ဇာတ်လမ်းကြောင့် ဒေါ်လာ ၅၅ သန်းရှိပြီး တတိယဝင်ငွေအကောင်းဆုံးအဖြစ်လည်းကောင်း ရပ်တည်လျက်ရှိသည်။

မနှစ်က “Iron Man” ဇာတ်လမ်းဖြင့် ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့သည့် ဒေါင်နေးကတော့ ဘောလီဝုဒ်မှ နာမည်ကျော် သရုပ်ဆောင် ရှရွတ်ခမ်းနှင့် တူတန်း ဒေါ်လာ ၃၃ သန်းဝင်ငွေရကာ ရှစ်ယောက်မြောက်ဝင်ငွေအကောင်းဆုံး အဖြစ် ရပ်တည်လျက်ရှိသည်။

Source: Reuter
Photo Credit: REUTERS/Mario

  • VIA