POST TYPE
FOREIGN AFFAIRS
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုအပြီး အမေရိကန် ဗုံးကြဲလေယာဉ်များ ကိုရီးယားကျွန်းဆွယ်ပေါ် အင်အားပြ ပျံသန်း
31-Jul-2017
ဆိုးလ်၊ ဇူလိုင် ၃၀

စနေနေ့က B1 ဗုံးကြဲလေယာဉ်များ အင်အားပြ ပျံသန်းမှုသည် ယခုလအတွင်း ဟွာဆောင်း ၁၄ ဒုံးကျည်နှစ်ကြိမ် စမ်းသပ်မှုအတွက် တိုက်ရိုက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု အမေရိကန်စစ်ဘက်က ကြေညာသည်။
ဗုံးကြဲလေယာဉ်များသည် ဂူအမ်းကျွန်း အခြေစိုက်စခန်းမှ ပျံတက်ခဲ့ခြင်း ဖြစ်ပြီး ပျံသန်းနေစဉ် တောင်ကိုရီးယားနှင့် ဂျပန်တိုက်လေယာဉ်များလည်း ပါဝင်ပူးပေါင်းခဲ့ကြသည်။
“မြောက်ကိုရီးယားဟာ ဒေသတွင်း တည်ငြိမ်မှုအတွက် အရေးပေါ်အဆင့် ခြိမ်းခြောက်မှု ဖြစ်နေပါပြီ။ တကယ်လို့ တောင်းဆိုလာမယ်ဆိုရင် ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာကို အမြန်ဆုံး၊ အပြင်းထန်ဆုံးနဲ့ အင်ပြည့်အားပြည့် တုံ့ပြန်ချေမှုန်းပစ်ဖို့ အဆင်သင့်ပါပဲ” ဟု ပစ္စဖိတ်လေတပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး တားရင့်စ်က ပြောကြားသည်။
အမေရိကန်စစ်ဘက်သည် ယခင်ကလည်း မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို တုံ့ပြန်သည့် အနေနှင့် မဟာဗျူဟာမြောက် B1 ဗုံးကြဲလေယာဉ်များကို အင်အားပြ ပျံသန်းလေ့ ရှိသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်အနေနှင့် မြောက်ကိုရီးယားကို တိုက်ခိုက်ရန် ကြိုးစားလာပါက ဖျက်ဆီးခံရမည့်ဘေးမှ မလွတ်နိုင်ကြောင်း သတိပေးခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံကမူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏တားမြစ်ချက်များကို ချိုးဖောက်ရာ ရောက်သော မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုကို ကန့်ကွက်သည်ဟု ပြောဆိုသော်လည်း တင်းမာမှု ကြီးထွားမှုကို တားဆီးရန်အတွက် သက်ဆိုင်ရာ နိုင်ငံအားလုံး သတိထား လုပ်ဆောင်ကြရန် မျှော်လင့်သည်ဟု ဆက်လက်ဖော်ပြထားသည်။
မည်သို့ပင်ဖြစ်စေ ထရမ့်က တရုတ်နိုင်ငံအပေါ် အလွန်စိတ်ပျက်မိသည်ဟု မှတ်ချက်ပေးလိုက်ပြီ ဖြစ်သည်။
F-04
- VIA
- Voice Admin
- SOURCES
- The Voice
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
20-Feb-2019
-
15-Feb-2019