News

POST TYPE

FOREIGN AFFAIRS

ကွယ်လွန်သူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘို၏ ဈာပနကို သီးသန့်အခမ်းအနားဖြင့် ကျင်းပ
16-Jul-2017 tagged as တရုတ်

ဘေဂျင်း၊ ဇူလိုင် ၁၅

တရုတ်နိုင်ငံ တိန်ယန်မင် အရေးအခင်းတွင် ဦးဆောင်ခဲ့သူ နိုင်ငံရေးသမားနှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘိုသည် အသည်းကင်ဆာရောဂါဖြင့် ကြာသပတေးနေ့ ညနေပိုင်းက ကွယ်လွန်ခဲ့ရာ ၎င်း၏ ဈာပနကို ဇူလိုင်လ ၁၅ ရက်နေ့တွင် သီးသန့်အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

လျူရှောင်ဘို၏ ဈာပနကို ရှန်နန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်ခံထားရသော ဇနီးဖြစ်သူ လျူရှားလည်း တက်ရောက်ခဲ့သည်။ 

လီဇီယာသည် လျူရှောင်ဘိုအား နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရချိန်တွင် နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

တရုတ်အာဏာပိုင်များ၏ အဆိုအရ လျူရှောင်ဘို၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ဒေသခံ တရုတ်ရိုးရာ အစဉ်အလာများနှင့် မိသားစုဝင်များ၏ ဆန္ဒများနှင့်အညီ မီးသဂြိင်္ုဟ်ခဲ့ကြောင်း သိရသည်။ 

ပြည်နယ်အစိုးရ အာဏာပိုင်များက လျူ၏ ဈာပနအခမ်းအနားတွင် ရိုက်ကူးထားသော ဓာတ်ပုံများကို လူမှုကွန်ရက်များပေါ်၌ ဖြန့်ဝေပေးခဲ့သည်။ 

ဈာပနအခမ်းအနားတွင် ဇနီးဖြစ်သူ လီဇီယာသည် အလွန်အမင်း ပူဆွေးဝမ်းနည်းနေသည်ကို တွေ့ရသည်။ 

အစိုးရအရာရှိတစ်ဦးက လျူရှားသည် ယခုအခါ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သွားပြီ ဖြစ်သည်ဟု ဆိုသော်လည်း လျူရှောင်ဘို၏ ရှေ့နေ၏ အဆိုအရ သူမသည် လျူရှောင်ဘို ကွယ်လွန်သည့် အချိန်မှစ၍ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ဆက်သွယ်ခွင့် မရရှိကြောင်း သိရသည်။ 

လျူရှောင်ဘိုသည် မကွယ်လွန်မီ ‘မစ္စလျူရှား လွတ်မြောက်ရေးတွက် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကူညီပေးသင့်ပါသည်’ ဟု စာတစ်စောင် ရေးသားခဲ့သည်။ 

နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီကမူ မစ္စလျူရှားအတွက်  အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း၊ တရုတ်အစိုးရ အနေနှင့် သူမကို အမြန်ဆုံးလွှတ်ပေးသင့်ကြောင်း သောကြာနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ 

နိုင်ငံတော်လုပ်ကြံမှုဖြင့် ၁၁ နှစ် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ လျူရှောင်ဘိုသည် အသည်းကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရချိန်တွင် ထောင်မှ ဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူခွင့် ရရှိခဲ့သည်။ 

F-01