News

POST SECTION

FOREIGN-AFFAIRS

22-Apr-2019
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအား ဇွန်လကုန်တွင် နုတ်ထွက်ရန် ကွန်ဆာဗေးတစ် ထိပ်သီးပါတီဝင်များက တိုက်တွန်းကြဖွယ်ရှိပြီး သို့မဟုတ်ပါကလည်း သူမ၏ပါတီမှအမတ်များက ဖယ်ရှားရန် နောက်တစ်ကြိမ် ကြိုးစားကြလိမ့်မည်ဟု Sunday Times က သတင်းရင်းမြစ်များကို အမည်မဖော်ဘဲ ရေးသားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
22-Apr-2019
ဥရောပရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားများကို စစ်ဆေးမည့် စနစ်သစ်တစ်ခုကို အီးယူက စတင်ကျင့်သုံးတော့မည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
22-Apr-2019
အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက် ပွဲတွင် မမျှမတ အသာစီးယူမှုကို ဖြစ်စေနိုင်သော ဝန်ကြီးချုပ်မိုဒီ၏ ဘဝဇာတ်ကြောင်း အွန်လိုင်းရုပ်သံအခန်းဆက်စီးရီး ထုတ်လွှင့်မှုကို ရပ်ဆိုင်းရန် ရွေးကောက်ပွဲကော်မရှင်က စနေနေ့တွင် ညွှန်ကြားလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
21-Apr-2019
သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သည့် နာရီပိုင်းအတွင်းက ဗုံးပေါက်ကွဲမှု အနည်းဆုံး ခြောက်ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းဗုံးခွဲတိုက်ခိုက်မှုများမှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများနှင့် ဟိုတယ်များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု သီရိလင်္ကာ အစိုးရအာဏာပိုင်များက သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
21-Apr-2019
အမေရိကန်ပြည်ထောင်စု အာကန်ဆက်ပြည်နယ်သူ အမျိုးသမီးကြီးတစ်ဦးကို လူသန်ကြီးဟုခ်ဘွားဘွား Granny Hulk ဆိုပြီး အမည်ပေးထားပါတယ်။
21-Apr-2019
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်တွင် လူကိုးဦးကိုသတ်ရန်ကြံစည် မှုဖြင့် ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးကို တရားစွဲဆိုလိုက်သည်ဟု အမေရိကန် မီဒီယာများက ရေးသားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
21-Apr-2019
တရုတ်နည်းပညာကုမ္ပဏီ Huawei သည် တရုတ်နိုင်ငံတော် လုံခြုံရေးအာဏပိုင်အဖွဲ့၏ ရန်ပုံငွေထောက်ပံ့မှုရရှိထားသည့် လုပ်ငန်းဖြစ်သည်ဟု အမေရိကန် ထောက်လှမ်းရေးအဖွဲ့ဖြစ်သော စီအိုင်အေက စွပ်စွဲပြောဆိုထားကြောင်း Reuters သတင်းဌာနက သတင်းရင်းမြစ်တစ်ခုကို ကိုးကားရေးသားဖော်ပြသည်။
21-Apr-2019
သံသယဖြစ်ဖွယ် ယူအေအီး ထောက်လှမ်းရေးအရာရှိနှစ်ဦးကို တူရကီနိုင်ငံက ဖမ်းဆီးလိုက်သည်ဟု တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက သောကြာနေ့တွင် ကြေညာသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
21-Apr-2019
စပိန်နိုင်ငံ မက်ဒရစ်ရှိ မြောက်ကိုရီးယားသံရုံးကို ဝင်ရောက်စီးနင်းခဲ့သောအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မရင်းတပ်သားဟောင်းကို အမေရိကန် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု နီးစပ်သော သတင်းရင်းမြစ်များက သောကြာနေ့က ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
21-Apr-2019
ယမန်နှစ်က နိုဗီချော့ခ် အာရုံကြောအဆိပ်နှင့် ထိတွေ့မိပြီးနောက် သေဆုံးသွားခဲ့ရသူ ဒွန်စတူးဂတ်စ်၏ ချစ်သူချာလီရိုလီ ၄၅ နှစ်သည် ဗြိတိန် Sunday Mirror သတင်းစာ၏ စီစဉ်ပေးမှုအရ လန်ဒန်မြို့ ရုရှားသံရုံးတွင် သံအမတ် ယာကိုဗင်ကိုနှင့် စနေနေ့က မိနစ်ကိုးဆယ်ကြာတွေ့ဆုံခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
18-Apr-2019
ပြင်သစ် အစိုးရအာဏာပိုင်များသည် မီးလောင်ကျွမ်းပျက်စီးသွားခဲ့သော နော်တာဒိမ်း ဘုရားရှိခိုးကျောင်းကို အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲတစ်ရပ် ကျင်းပရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
18-Apr-2019
အိုင်ဗရီကို့စ် အစိုးရအာဏာပိုင်များသည် ၎င်းတို့နိုင်ငံသို့ တင်သွင်းရောက်ရှိလာသည့် မြန်မာ့ဆန်တန်ချိန် ၁၈,၀၀၀ ကို အန္တရာယ်ရှိသော စားသောက်ကုန်စာရင်းတွင် ထည့်သွင်း၍ ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်း Africanews က ဖော်ပြထားသည်။
17-Apr-2019
ဆူဒန်အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်များသည် ဖမ်းဆီးထိန်းသိမ်းထားသော သမ္မတဟောင်း အယ်လ်ဘာရှားကို နိုင်ငံ၏လုံခြုံရေး အတင်းကျပ်ဆုံး အကျဉ်းထောင်ဖြစ်သည့် ကိုဘားထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
17-Apr-2019
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသော နိုင်ငံလုံးဆိုင်ရာ အထွေထွေ ရွေးကောက်ပွဲတွင် အစောပိုင်း မဲရေတွက်မှုများအရ လက်ရှိသမ္မတ ၀ီဒိုဒို အနိုင်ရရန် အခြေအနေ ကောင်းမွန်နေပြီး အပြီးသတ် မဲရလဒ်များကို လာမည့်မေလသို့ ရောက်မှသာ ထုတ်ပြန်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မတီက အသိပေးထားသည်ဟု BBC က ဖော်ပြထားသည်။
16-Apr-2019
ထိုင်းနိုင်ငံတွင် ကျင်းပနေသော ဆောင်ခရန် ရေသဘင်ပွဲတော်၏ ပထမငါးရက်တွင် ယာဉ်မတော်တဆမှုပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး ယင်းအမှုများ အားလုံးကို တရားရုံးထံသို့ တင်ပို့ထားပြီဖြစ်ကြောင်း Bangkok Post က ဖော်ပြထားသည်။