News

POST SECTION

FOREIGN-AFFAIRS

31-Jan-2021
ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်နီ ကို ပြန်လွှတ်ပေးရန် ဆန္ဒပြချီတက်မှုများ ဒုတိယရက်သတ္တပတ်အဖြစ် ယခုအပတ်တနင်္ဂနွေတွင် ဆက်လက်လှုပ်ရှားကြမည့် အစီအစဉ်များကို ကန့်သတ်ထိန်းချုပ်ရန် မော်စကိုတွင် ဘူတာရုံအချို့ကို ပိတ်ထားလိုက်ပြီဖြစ်ပြီး အသွားအလာများ ကန့်သတ်ထားကြောင်း BBC သတင်းဌာနကဖော်ပြသည်။
30-Jan-2021
ကိုဗစ်-၁၉ ကာကွယ်ဆေးရလာပါက ကမ္ဘာတစ်လွှားရှိ ဘေးသင့်နိုင်ခြေအရှိဆုံးသူများကို ဦးစားပေးဖြန့်ဖြူးပေးမည်ဟု ယမန်နှစ်က ကုလသမဂ္ဂအထွေထွေညီလာခံကြီးတွင် ကမ္ဘာ့ခေါင်းဆောင်များက ကတိပြုခဲ့ကြသော်လည်း တစ်ကယ်တမ်း ဆေးရလာသောအခါတွင်မူ ကိုယ့်နိုင်ငံသာပဓာနဟု ရှေ့တန်းတင်သော ကာကွယ်ဆေးအမျိုးသားရေးဝါဒက လွှမ်းမိုးသွားခဲ့ကြောင်း ဥရောပသမဂ္ဂ (အီးယူ) နှင့် ဗြိတိန်တို့၏ လက်ရှိအငြင်းပွားမှုကို မီးမောင်းထိုးပြီး CNN သတင်းတွင် သုံးသပ်ဖော်ပြသည်။
30-Jan-2021
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့် ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရန် တရုတ်နိုင်ငံဝူဟန်မြို့သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ စေလွှတ်ခဲ့သော ပညာရှင်အဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်လူနာများ ကုသခဲ့သည့် ဒုတိယမြောက်ဆေးရုံတစ်ရုံကို သွားရောက်စစ်ဆေးခဲ့ကြကြောင်း CNA သတင်းဌာနက ဖော်ပြသည်။
29-Jan-2021
နယူးဇီလန်နိုင်ငံ ခရိုက်ချာ့ချ်မြို့ရှိ ဗလီများ အကြမ်းဖက်ခံရမှု နှစ်နှစ်ပြည့်ချိန်၌ စင်ကာပူနိုင်ငံရှိ ဗလီနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ရန် ကြံစည်ထားသော အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
27-Jan-2021
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနေရာအတွက် သမ္မတသစ်ဂျိုးဘိုင်ဒင်အဆိုပြုသော အန်တိုနီဘလင်ကန်ကို အထက်လွှတ်တော်က အင်္ဂါနေ့တွင် အလွယ်တကူအတည်ပြုပေးခဲ့ပြီး ပြိုင်ဘက်ရီပတ်ဘလစ်ကန်ပါတီမှ အမတ်အများစုကပါ ထောက်ခံခဲ့ကြသည်။
27-Jan-2021
နောက်လအတွင်းကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော် အားလပ်ရက်ပျော်ပွဲရွှင်ပွဲများနှင့် လူအသွားအလာစည်ကားခြင်းများ မတိုင်ခင်အချိန်တွင် တရုတ်နိုင်ငံအာဏာပိုင်များသည် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး ၂၂ ဒသမ ၈ သန်း နီးပါး ထိုးနှံပေးထားကြောင်းကို ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဇန်နဝါရီလ ၂၇ ရက်နေ့တွင်ပြောခဲ့သည်ဟု CNA သတင်းဌာနတွင်ဖော်ပြသည်။
27-Jan-2021
အမေရိကန်ပြည်ထောင်စုအတွင်း လူမျိုးရေး(အသားအရောင်)ကွဲပြားခြားနားမှုနှင့်ပတ်သက်၍ စိတ်သဘောထားကွဲပြားနေမှုများ လျော့နည်းသွားအောင် အဓိကလုပ်ဆောင်သွားမည်ဖြစ်သည်ဟု သမ္မတသစ် ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားပြီး အမေရိကသည် အပြောင်းအလဲလုပ်ရန် အသင့်ဖြစ်နေပြီဟုဆိုကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
27-Jan-2021
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ စုစုပေါင်း သန်း ၁၀၀ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်းကို AFP သတင်းဌာန၏ စစ်တမ်းအရသိရသည်။ လွန်ခဲ့သော တစ်ပတ်ကတည်းက အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်း ၂၅ သန်း ကျော်လွန်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄၂၀၀၀၀ ဦးရှိသည်။
27-Jan-2021
ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်သော AstraZeneca ကုမ္ပဏီသည် ဥရောပ သမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံကို ပေးပို့မည့် ကိုဗစ် ကာကွယ်ဆေးများ လျှော့ချဖြတ်တောက် မည်ဟု အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် တွင် ဥရောပသမဂ္ဂသည် ကိုဗစ်ကာကွယ် ဆေးတင်ပို့ခြင်းစည်းမျဉ်းများ တင်းကျပ် သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
25-Jan-2021
လက်သန့်ဆေးရည်များကို ဈေးဝယ်စင်တာများ၊ ကျောင်းများ၊ အလုပ်ခွင်များနှင့် အများသုံးသွားလာရေးယာဉ်များတွင် ကျယ်ပြန့်စွာ အသုံးပြုလာကြပြီး အဆိုပါ လက်သန့်ဆေးရည်များတွင် နောက်ဆက်တွဲပြဿနာတစ်ခုရှိနေကြောင်း ပြင်သစ်နိုင်ငံတွင် ရှာတွေ့ခဲ့သော သုတေသနတစ်ခုကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြသည်။
25-Jan-2021
တရုတ်နိုင်ငံ အရှေ့ဘက်ရှိ ရွှေတွင်းအောက်တွင် နှစ်ပတ်ကျော်ကြာ ပိတ်မိနေသူ အလုပ်သမား ၁၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြသည်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြသည်။
24-Jan-2021
နာမည်ကျော် ရုပ်သံဂျာနယ်လစ်နှင့် ရုပ်သံဆွေးနွေးမေးမြန်းပွဲများ ဦးစီးလုပ်ကိုင်သူဖြစ်သော လယ်ရီကင်းသည် အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
24-Jan-2021
ရုရှားတွင် ဖမ်းဆီးခံထားရသော အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်နီကို ထောက်ခံအားပေးသူများ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လူဦးရေ ၃၀ဝ၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း စောင့်ကြည့်လေ့လာသူများ၏ ပြောကြားချက်ကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။
23-Jan-2021
လက်ရှိတွင် တွေ့ရှိထားသော အချက်အလက်သက်သေများကို ကြည့်ရှုသုံးသပ်ခြင်းအားဖြင့် ဗြိတိန်တွင် စတင်တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် အသေအပျောက်ပိုများနိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတိပေးထုတ်ပြန်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
23-Jan-2021
ဥရောပသမဂ္ဂတွင် မကြာသေးခင် အချိန်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုး ပြတ်တောက်ခဲ့ပြီး ယခုတွင်လည်း အခြား ကိုဗစ်ကာကွယ်ဆေး ကုမ္ပဏီတစ်ခုက ဥရောပ သမဂ္ဂ သို့ တင်ပို့မည့် ကိုဗစ်ကာကွယ်ဆေးအရေအတွက် နည်းပါးနိုင်သည်ဟု အသိပေးကြေညာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။