News

06-Jun-2018
ကတ်ကြေးကိုင် ခြံလုပ်သားတို့က စပျစ်ကို အခိုင်လိုက်ညှပ်ကာ ခြင်းထဲထည့်နေကြသည်။ ကား၊ မော်တော်ဆိုင်ကယ်များကလည်း စပျစ်သေတ္တာအပြည့် တင်ဆောင်ကာ စိုက်ခင်းဘေးမှ မောင်းထွက်သွားကြသည်။
05-Jun-2018
ဂျစ်သမ္မတ အယ်လ်စီစီ (Abdel Fattah el-Sisi) တစ်ယောက် ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းကို ဆက်လက်အောင်ပွဲခံနိုင်သွားပြန်ပြီ။ ယခင်ထောက်လှမ်းရေးအကြီးအကဲဖြစ်ခဲ့သည့် စစ်တပ်အရာရှိကြီး အယ်လ်စီစီသည် ၂၀၁၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၉၇ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့ပြီး အီဂျစ်သမ္မတဖြစ်ခဲ့သည်။
31-May-2018
သတင်းစာတွင် ပါလာသည့် အကြောင်းအရာက သူတို့ လူ့ဘောင် အဖွဲ့အစည်းက လက်မခံနိုင်သည့် ရေးသားချက်များ ဖြစ်နေသည်ဆိုကာ သူ့ကို အပြစ်ဖို့သည်။ ထိုစဉ်ကတည်းက ဟူဆေနီတစ်ယောက် အမျိုးသမီးများဘက်က တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။ တရားရုံးက လူသတ်မှုကို ထောင်ဒဏ် ၆ လသာ အပြစ်ပေးသည်။ သူပိုပြီး ပေါက်ကွဲသွားရသည်။ ဥပဒေကလည်း ထိုအမှုမျိုးအတွက် ဂုဏ်သိက္ခာအရ သတ်ဖြတ်ခြင်းဆိုသည့်သဘောနှင့် အကာအကွယ် ပေးထားသောကြောင့် အများဆုံး အပြစ်ပေးနိုင်မှ တစ်နှစ်ဖြစ်နေကြောင်း တွေ့ရသည်။
29-May-2018
သူသည် စိန်ကို အလွန်အစွဲအလမ်းကြီးသူဖြစ်သည်။ Hermes Birkin လက်ကိုင် အိတ်တွေကိုလည်း အလွန်နှစ်သက်သည်။ လန်ဒန်ရှိ နာမည်ကျော် Harrods ဆိုင်ကြီး၊ ဟာဝိုင်ရီရှိ Harrods၊ နယူးယောက်ရှိ Saks Fifth Avenues နှင့် ဟောင်ကောင်ရှိ ရတနာဆိုင်ကြီးများသည် သူ့ဖောက်သည်ဆိုင်များ ဖြစ်သည်။
22-May-2018
ယခင်မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ နေအိမ်ကို မေလ ၁၆ ရက်နေ့ ညက ရဲတပ်ဝင်များ ဝင်ရောက်စီးနင်းပြီး ရှာဖွေသိမ်းဆည်းမှုများ ဖြစ်ပွားခဲ့သည်။ တစ်ညလုံးနီးပါးရှာဖွေမှုသည် နာဂျစ်နှင့် ဆက်စပ်နေသည့်နေရာ ငါးနေရာဖြစ်ပြီး မိုးလင်းမှ ရှာဖွေမှု ပြီးဆုံးသွားခဲ့သည်။ မလေးရှားရဲတပ်ဖွဲ့က လက်ဆွဲအိတ်ကြီးများနှင့် အခြားထုပ်ပိုးထားသည့် ပစ္စည်းသေတ္တာကြီးများကို သိမ်းဆည်းပြီး ယူဆောင်သွားကြသည်။
19-May-2018
မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည့်ပြပွဲဖြစ်သလို ပထမဆုံးအကြိမ် ကျင်းပသည့်ပြပွဲလည်း ဖြစ်သည်။ ပြပွဲ၏အမည်က Journey of the Blood Jade သွေးစွန်းသော ကျောက်စိမ်းခရီး။
17-May-2018
သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားတို့ လုံခြုံရေးသည် ဆိတ်သုဉ်းနေပြီလားဖြစ်သည်။ အမှန်ကို အမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း ဖော်ထုတ်နေသည့် သတင်းသမားတွေ၊ စာရေးဆရာတွေနှင့် ဖော်ကောင်တွေ အသတ်ခံနေရမှုကို ဤအတိုင်း ကြည့်နေလျှင် အိန္ဒိယ ဒီမိုကရေစီသည် ပြက်ရယ်ပြုစရာ ဖြစ်လာပေတော့မည်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်သည် ဒီမိုကရေစီနည်းဖြစ်သည်။
15-May-2018
မလေးရှားနိုင်ငံ၏ စိတ်ပျက်စရာအကောင်းဆုံး ရွေးကောက်ပွဲဟု ဝေဖန်သံတွေ ညံနေသည့်ကြားက မဟာသီယာတစ်ယောက် ပြိုင်ဘက်နာဂျစ်ကို ကျော်ဖြတ်ပြီး ဝန်ကြီးချုပ်ရာထူးကို ဆက်လက်တာဝန်ယူသွားသည်။ မဟာသီယာတစ်ယောက် မလေးရှားနိုင်ငံ၏ သက်တော်ရှည်ဝန်ကြီးချုပ်ရာထူးပိုင်ရှင်ဖြစ်လာသည်။ ဝန်ကြီးချုပ်ရာထူးကလည်း အနားယူ၊ နိုင်ငံရေးကလည်း အနားယူမည်ဆိုပြီး တစ်ကျော့ပြန်ကာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ကမ္ဘာ့ သက်တော်ရှည် အသက်အကြီးဆုံး နိုင်ငံ့ခေါင်းဆောင် ဘဝကိုရောက်ခဲ့ရသည်။
08-May-2018
ရုရှားသမ္မတ ပူတင်တစ်ယောက် သမ္မတရာထူးကို စတုတ္ထအကြိမ်မြောက် ဆက်လက်ခံယူပွဲ ကျင်းပသည့် ညနေမှာပင် ရုရှားပြည်သူ ထောင်ချီပြီး လမ်းမတွေပေါ်ထွက်ကာ ဆန္ဒပြခြင်းကို ပြုလုပ်ကြတော့သည်။ ဆန္ဒပြပွဲသည် နောက်တစ်နေ့လည်း ဆက်ဖြစ်သည်။ မော်စကိုမြို့တွင် ထောင်ချီသည့် လူအုပ်ကြီးက လမ်းမများပေါ်ထွက်ပြီး အော်ဟစ်နေကြသည်။
05-May-2018
ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ အထင်ကရ လေဆိပ်ကြီးတစ်ခုဖြစ်သည့် သုဝဏ္ဏဘူမိတွင်ဖြစ်သည်။ လေဆိပ်ထဲရှိ တီဗီမြင်ကွင်းများပေါ်တွင် နေရောင်ခြည်အောက်က ပင်လယ်ကမ်းခြေရှုခင်းကို ပြလိုက်သည်။ ထို့နောက် မီးရောင်စုံအောက်က ညရှုခင်းကိုပြသည်။ ပြီးတော့မှ သတင်းကြေညာချက်တစ်ခု ပေါ်ထွက်လာသည်။
03-May-2018
အွန်လိုင်းဆိုသည့် မြင်ကွင်းသေးသေးကို မနှစ်မြို့သူ သတင်းစာသမား၊ စာသမားများစွာရှိပါသည်။ သူတို့သည် မိုးလင်းလျှင် သတင်းစာတစ်စောင်ကို ကိုင်ဖတ်လိုက်ရမှ ကျေနပ်သူများဖြစ်သည်။ အလားတူပင် စာအုပ်ကို ကိုင်ဖတ်ကာ အရသာ ခံနေသူများစွာလည်း ရှိနေသည်။ ထို့ကြောင့် ပုံနှိပ်အော့ဖ်လိုင်းမီဒီယာ ပျောက်ကွယ်သွားမည်လားဆိုသည့် မေးခွန်းကို မပျောက်ကွယ်နိုင်ဟု ဆိုရမည်။ အရေးကြီးသည်မှာ မှန်ကန်မှု၊ တိကျမှု၊ ဂုဏ်သိက္ခာနှင့် အွန်လိုင်းကို ယှဉ်ပြိုင်ရန်သာ ဖြစ်သည်။
26-Apr-2018
သူတို့နိုင်ငံ စာသင်ခန်း တစ်ခန်းစာလောက်ကို စာကြည့်တိုက် ကွန်တိန်နာအတွင်း လက်ခံထားနိုင်သဖြင့်လည်း စာသင်ခန်းများကို စာကြည့်တိုက်များ ရောက်လာလျှင် ပြောင်းရွှေ့သင်ကြားနိုင်သည့် နေရာများအဖြစ် စီစဉ်ပေးနိုင်ခဲ့သည်။
19-Apr-2018
အိန္ဒိယနိုင်ငံ၊ ဥတာပရာဒက်ရှ် ပြည်နယ်တွင် တစ်ချိန်က အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းခံရပြီး ကိုယ်ခန္ဓာ၏ လေးနေရာကို အက်စစ်လောင်းပြီး လုပ်ကြံခံရသော အမျိုးသမီးတစ်ဦးသည် နောက်ထပ်တစ်ကြိမ် အက်စစ်နှင့်ပက်ပြီး လုပ်ကြံခြင်းခံလိုက်ရပြန်သည်။
05-Apr-2018
တရုတ်နိုင်ငံတွင် နှစ်ပေါင်းများစွာ မိသားစုတစ်စု ကလေးတစ်ယောက်သာယူရမည်ဆိုသည့် (One-child) ပေါ်လစီကြောင့် ၂၀၁၆ ခုနှစ် စာရင်းအရ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၃၃ ဒသမ ၅ သန်းကျော် ပိုများသွားသည်။ ထိုသဘောတရားမှာ တရုတ်အမျိုးသားတွေ ဇနီး၊ မယား ရှားသွားပြီဆိုသည့် သဘောဖြစ်သည်။ ထို့ကြောင့် တရုတ်တို့သည် အိမ်နီးချင်းနိုင်ငံများဆီသို့ ဇနီး၊ မယားများကို ရှာဖွေနေကြသည့် လုပ်ငန်းနှင့်ဈေးကွက်တစ်ခုက ဖွံ့ဖြိုးလာပြီး၊ အလွယ်မရသည့်အခါတွင် ခြိမ်းခြောက်ခေါ်ဆောင်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့်လုပ်ငန်းများကိုပါ လုပ်ဆောင်နေကြကြောင်း တွေ့ရသည်။
05-Apr-2018
တောကား၊ မြို့ကား၊ ပေါကား အငြင်းပွားနေကြသလို ရုပ်ရှင်လောကသားအချို့ရဲ့ အဲဒီရုပ်ရှင်အပေါ် ဝေဖန်မှုတွေနဲ့ Group Chat မှာ အပြန်အလှန်ပြောဆိုတဲ့ Screen Shot တွေပါ ထွက်ပေါ်လာတဲ့အခါမှာတော့ လူအများရဲ့အမြင်မှာ ဝေဖန်တိုက်ခိုက်နေတဲ့သူတွေဟာ သိမ်ငယ်စိတ်၊ အငုံ့စိတ်ဖြစ်နေကြတယ်၊ အောက်ခြေလွတ် ဘဝင်မြင့်နေကြတယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်လာသလို အချို့ကလည်း စိတ်ပညာအရ သိမ်ငယ်စိတ်ဝင်တယ်၊ Inferiority Complex ဖြစ်နေတယ် စသဖြင့် ပြောဆိုရေးသားတာမျိုးတွေပါ တွေ့လာရပါတယ်။