News

02-Aug-2018
အသက် ၁၀ နှစ်အရွယ်ကလေးမလေးကလည်း သူ့ကို ညဆိုလျှင် လာဆွဲခေါ်သွားတတ်ပြီး အဝတ်အစားတွေကို ဆွဲချွတ်ခဲ့ကြောင်း၊ ငြင်းဆန်လျှင်လည်း ခြေထောက်များကို ရောင်လာသည်အထိ ရိုက်နှက်တတ်ကြောင်း ပြောပြသည်။ တစ်ယောက်ကလည်း ဆေးသောက်ရန် ငြင်းဆန်သည့်သူ့ကို ရေနွေးပူနှင့် လောင်းသည်ဟုဆိုသည်။ ကလေးတစ်ယောက်က အဓမ္မပြုကျင့်သူကို တွန်းလိုက်ရာ သူ့ကို ရက်ပေါင်းများစွာ အငတ်ထားပြီး နောက်ဆုံး တောင်းပန်ပြီး သူတို့အလိုလိုက်မှ ခွင့်လွှတ်လိုက်သည်။ မုဒိမ်းကျင့်ရန် ငြင်းဆန်လျှင် ရိုက်နှက်ခြင်းမှာ ရိုးနေပြီဟု မိန်းကလေးတစ်ယောက်က ရဲကို ပြောပြသည်။
31-Jul-2018
“စီရင်ချက်၊ ရှလီကျန်းနှင့် ဟောင်ကျန်းရီတို့ နှစ်ဦးအား ကွင်းလယ်ကိုထုတ်ပြီး ချက်ချင်းပစ်သတ်စေ”ဟု စီရင်ချက်ကို ဖတ်ပြလိုက်သည်။ ထိုနေ့က မူးယစ်ဆေးဝါးပြစ်မှုအတွက် ချက်ချင်းပစ်သတ်ခံရသူ တရားခံနှစ်ဦးအပြင် အခြား ၆ ဦးလည်းရှိသေးသည်။ သူတို့က အခြားပြစ်မှုများကြောင့်ဖြစ်ပြီး ဟိုင်းကောင် အားကစားကွင်းအတွင်း ထိုနေ့က သေဒဏ်စီရင်ခြင်းခံရသူမှာ ၈ ဦးဖြစ်သည်။
26-Jul-2018
ကျောင်းတွင် ကျောင်းသား ၃၃ ယောက်သာ ရှိသည်။ သူတို့အားလုံးမှာ အသက် ၄ နှစ်မှ ၁၁ အရွယ်တွေလည်း ဖြစ်ကြသည်။ ဤကျောင်းလေးကို တက်ရန်အတွက် သူတို့လယ်ယာခြံမြေတွေက တစ်နာရီလောက် လမ်းလျှောက်လာရသူတွေပင်ရှိသည်။ ကျောင်းသားတွေက လာရောက်လေ့လာသည့် သတင်းထောက်တွေကို အင်္ဂလိပ်လို နှုတ်ခွန်းဆက်လိုက်သည်။ စပိန်လို ကြိုဆိုပါသည်ဆိုသော သီချင်းကိုလည်းဆိုကာ ကြိုဆိုကြသည်။
24-Jul-2018
အင်ဒိုနီးရှားနိုင်ငံ၏ စက်ဆုပ်ဖွယ်ကောင်းသည့် ဖြစ်ရပ်တစ်ခုသည်မကြာမီက နိုင်ငံတကာသတင်းများပေါ် တက်လာသည်။ အသက် ၁၅ နှစ်အရွယ် ကလေးမလေးတစ်ဦးကို သူ့အစ်ကိုဖြစ်သူက မုဒိမ်းကျင့် လိုက်သည်။ ခြောက်လခန့်ကြာလာသည့်အခါတွင် ကောင်မလေး၌ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရသည်။ ကလေးမလေးက ကိုယ်ဝန်ဖျက်ချသည်။ သူ့ကို ကိုယ်ဝန်ဖျက်ချမှုနှင့် ဖမ်းလိုက်သည်။ ကောင်မလေးကို ဇူလိုင် ၁၉ ရက်နေ့က မော်ရာဘူ လီယန်ပြည်နယ်တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။ မောင်နှမနှစ်ယောက်စလုံးကို တရားရုံးတွင် တံခါးပိတ်စစ်ဆေးပြီးမှ ထောင်ဒဏ်ချမှတ်လိုက်ကြောင်း တရားရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခြင်းဖြစ်သည်။
21-Jul-2018
ယမန်နှစ် နိုဝင်ဘာလကတည်းက ဘေဂျင်းမြို့ ဆင်ခြေဖုံး၏ ရုပ်ပုံလွှာများသည် တရုတ်ဆိုရှယ် မီဒီယာပေါ်တွင် ပျံ့နှံ့နေတော့သည်။ လမ်းများပေါ်တွင် အုတ်ကျိုးတွေပြန့်နေသည်။ အေးလွန်းသဖြင့် ခိုက်ခိုက်တုန်နေသည့်လူများသည် ကိုင်းတိုင်းတိုင်းဖြင့် နှင်းတောထဲတွင် လျှောက်နေကြသည်။ အချို့ကလည်း နှင်းတောထဲတွင် အထုပ်အပိုးတွေကိုချပြီး နားနေကြသည်။
17-Jul-2018
“ကျွန်မ မော်ဒယ်လုပ်လို့ရတဲ့ ပိုက်ဆံတွေအားလုံး ပြုတ်သွားလုနီးနီး ရင်းလိုက်ရတယ်။ အိမ်တစ်လုံးကို တောဘက်မှာ ဝယ်ရတယ်။ ကျွန်မနဲ့အတူ အမြင်မခံချင်တဲ့ သောက်လူကြီးလူကောင်းတွေ အတွက်ပေါ့။ အဲဒီမှာ ကျွန်မနဲ့ ကျွန်မခွေးလေးပဲနေတယ်” ဟု လော်ရင်းကဆိုသည်။ ဤသည်က ကြေးကြီးသည့် မော်ဒယ်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်ဖြစ်သည်။
16-Jul-2018
ထူးကဲသောကံတရားကလည်း သူတို့ဘက်မှာရှိနေသည်ဟုဆိုရမည်။ သူတို့မှာ အစားအသောက်ပါမလာသော်လည်း ဂူနံရံကျောက်ခက်ပန်းဆွဲများမှ သောက်သုံးရေကို အလွယ်တကူရနိုင်ခဲ့သည်။ မှောင်မိုက်နေသော်လည်း သူတို့မှာဓာတ်မီးတွေ ပါလာကြသည်။ စိမ့်ဝင်နိုင်သောထုံးကျောက်၏ သဘောသဘာဝနှင့် ကျောက်ဆောင်များအကြား အက်ကြောင်းများကြောင့် ရှူရှိုက်ရန် လေကလည်း အချိန်ကာလတစ်ခုအထိ လုံလောက်နေခဲ့သည်။
10-Jul-2018
ဥုံရှင်ရီကျိုဂိုဏ်းသားအဖွဲ့ဝင် ၇ ဦးအား ဇူလိုင်လ ၆ ရက်နေ့က ကွပ်မျက်စီရင်ပြီးခဲ့ကြောင်း ဂျပန်နိုင်ငံမှ တာဝန်ရှိသူများက တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။ သူတို့ကို ၁၉၉၅ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုမြေအောက် ဘူတာရုံတွင် ခရီးသွားပြည်သူအများအား အဆိပ်ဓာတ်ငွေ့ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ပတ်သက်နေသူများအဖြစ် နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ထားပြီးမှ အဆုံးစီရင်ပြီး ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည့်သတင်းမှာ နိုင်ငံ တကာသတင်းတွင် စိတ်ဝင်စားစရာအကောင်းဆုံး သတင်းတစ်ပုဒ်ဖြစ်ခဲ့ရသည်။
03-Jul-2018
အချစ်ဂျီဟတ်ဆိုသည့် စကားလုံးသည် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က ပိုပြီးခေတ်စားလာသည့် စကားလုံးဖြစ်လာသည်။ ဟိန္ဒူအခွင့်အရေး လှုပ်ရှားသူများက မွတ်ဆလင်တို့သည် သူတို့အပေါ်တွင် ဘာသာရေးအရ အချစ်ရေးတွင် ဝင်ရောက်စွက်ဖက် တိုက်ခိုက်လာနေပြီဟုဆိုလိုကာ ဆန့်ကျင်လှုပ်ရှား လာကြခြင်းဖြစ်သည်။ ထိုအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးထံ ဆိုရှယ်ကွန်ရက်ဖြစ်သည့် Twitter ကတစ်ဆင့် တိုင်ကြားသည့် တိုင်ကြားစာက နာမည်ကျော်ပြီး ကမ္ဘာက စိတ်ဝင်စားလာရသော ပြဿနာ ဖြစ်လာရသည်။
28-Jun-2018
ရဲတပ်ဖွဲ့၏ သတ်ဖြတ်နေသည့်ကိစ္စအများစုမှာ ငွေကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးဟောင်းကပြောကြားသည်။ သူတို့ထံတွင် မူးယစ်ဆေးသံသယဖြင့် စောင့်ကြည့်နေသည့် စာရင်းဝင်များရှိနေကြောင်း၊ ထိုသူများမှသူတို့၏ ငွေတွင်းများဖြစ်နေပြီး သူတို့နှင့် မပူးပေါင်းလျှင် အပျောက်ရှင်းပစ်သည့် စနစ်ကို ကျင့်သုံးနေကြောင်းလည်း သိရသည်။
27-Jun-2018
နှစ်နိုင်ငံအကြား အကဲဆတ်သည့် သံတမန် ဆက်ဆံရေး ရှိခဲ့ပြီးနောက် မြောက်ကိုရီးယားတို့က မြန်မာနိုင်ငံအတွင်း ၎င်းတို့အကြောင်း ရေးသားမှုများကို အမြဲတစေ စောင့်ကြည့်လေ့လာသည့်သဘောရှိခဲ့သည်။
26-Jun-2018
ယခင် ၁၉၈၈ ခုနှစ်လောက်ထိ ရာသီဥတုဆိုးရွားလို့ ရေကြီးရေလျှံတာ၊ ကမ်းပြိုတာ၊ လူသေဆုံးတယ်ဆိုတာ ရှားမှရှားပဲ။ သဘာဝသစ်တောကြီးတွေက ၇၀ ရာခိုင်နှုန်း အုပ်ဆိုင်းထားတော့ တော်ရုံပြင်းထန်တဲ့ မုန်တိုင်းလောက်ကို မမှုရေးချမမှုပါ။ လူသေဆုံးမှု မိုးကြိုးစက်ကွင်းနဲ့မလွတ်လို့ သေဆုံးတယ်ဆိုတာ မကြားသလောက်ပါပဲ။ ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဧက ၅၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်း အထိ သဘာဝသစ်တောတွေ ကျန်ရစ်ခဲ့တဲ့နည်းတူ သဘာဝဘေးဆိုး၊ ရေကြီး၊ ရေလျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေ တစ်နိုင်ငံလုံးကြုံတွေ့လာရတယ်။
26-Jun-2018
တရုတ်နိုင်ငံတွင် လိုင်ချီးနှင့်ခွေးသားစားပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်သည်။ တရုတ်တွေက ခွေးသားကို အကြိုက်တွေ့ကြသည်။ ခွေးသားစားခြင်းဖြင့် မိမိတို့ ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်းစေသည်ဟု ယူဆကာ စားသုံးနေကြခြင်းဖြစ်သည်။ ၁၀ ရက်တိုင်ကျင်းပလေ့ရှိသော ခွေးသားစားပွဲကို တရုတ်နိုင်ငံကွမ်ရှီးနယ်၊ ယုလင်းမြို့တွင် ပုံမှန်ကျင်းပလေ့ရှိသောကြောင့် ယုလင်းခွေးသား စားပွဲတော်ဟူ၍လည်း နာမည်ကျော်သည်။
23-Jun-2018
“အစပိုင်းမှာ ကျွန်မတို့ကို တစ်လ ဖုန်းအကြိမ် ၃၀ လောက် အခေါ်ခံရတယ်။ ခုဆိုရင် တစ်လကို ဖုန်း နဲ့ခေါ်ပြီး အကူအညီတောင်းနေတာ အကြိမ် ၁၈၀ လောက်ရှိနေပြီ။ ကျွန်မတို့ကို ဖုန်းနဲ့လှမ်းခေါ်ရင် သူတို့ဆီကို သွားလိုက်တယ်။ တစ်ခါကဆိုရင် ကျွန်မတို့ကိုခေါ်တဲ့ အမျိုးသမီးက ကျွန်မတို့ကို သူဟာ တာလီဘန်တစ်ယောက်ဖြစ်ကြောင်း၊ အမျိုးသမီးတွေကို ကိုယ်ဝန် ဖျက်ချပေးတာတွေ၊ တားဆီးပေးတာတွေ လိုက်လုပ်နေမယ့်အစား ယောက်ျားတွေကို လေးစားစွာနေထိုင်ဖို့ ပြောပေးစေလိုကြောင်း လာစည်းရုံးတာတောင် ခံရတယ်”ဟု သူက အတွေ့အကြုံကို ပြောပြရှာသည်။
23-Jun-2018
ဆင်းရဲခြင်းက လူဦးရေကို ပိုပြီးတိုးပွားစေသည်။ စာမတတ်ခြင်း၊ ကျောင်းမတက်နိုင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း၊ ဘာသာရေးနှင့် လူမျိုးရေးအပြင် ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားနေမှုများ ရှိနေခြင်းတို့အပြင် အမျိုးသမီးများကို တန်းတူ အခွင့်အရေးမပေး၊ နေရာမပေး၊ ခွဲခြားဆက်ဆံနေမှုများကြောင့် အမျိုးသမီးများ၏နေရာနှင့် အခန်းကဏ္ဍသည် အိန္ဒိယတွင် ပျောက်သလောက် ဖြစ်နေခဲ့ရသည်။