News

29-Sep-2018
သီဒေါင်းသည် လူတွေစွန့်ပစ်ထားသော အိမ်တစ်အိမ်တွင် သူ့သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် ဟောင်အန်းနှင့်အတူ နေထိုင်သည်။ သူနေထိုင်သည့်နေရာက ဟနွိုင်းမြို့ အနောက်တောင်ဘက်၊ ဟောင်ဘင်းမြို့စွန်တွင်ဖြစ်သည်။
20-Sep-2018
မည်သူ့ကို လူကုန်ကူးသည်ဆိုခြင်းမှာ ခန့်မှန်းရခက်လှသည်။ NGO အဖွဲ့အစည်းတွေကလည်း လူကုန်ကူးသူများကို ကူညီပေးသည့်အနေနှင့် တာဝန်ရှိသူများအား သတင်းပေးနေသည်။ ယနေ့ခေတ် လူကုန်ကူးမှုများကို လုပ်ဆောင်နေသည့် မာဖီးယားဂိုဏ်းသားတွေသည် ရုပ်ရှင်တွေထဲကလိုမဟုတ်။ မိန်းကလေးတွေကို ရုပ်ရှင်ထဲကလို ကားများထဲတွင် ကြိုးတုတ်၊ ပါးစပ်ဆို့ပြီး သယ်ဆောင်လာကြသည့်ခေတ် မဟုတ်တော့။ သူတို့ကိုယ်တိုင် နယ်စပ်ကို အေးဆေးစွာ ဖြတ်ကျော်ကူးလာရန် သွေးဆောင်စည်းရုံး သိမ်းသွင်းခြင်း ခံထားရသည်။
18-Sep-2018
ကမ္ဘောဒီးယားနိုင်ငံသူ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃၃ ဦးကို တရုတ်လူမျိုးတို့၏ အငှားကိုယ်ဝန်ဆောင်များ ဘဝဖြင့် ဖမ်းဆီးလိုက်သည်ဆိုသော သတင်းက ဇူလိုင်လတွင် ဂယက်ထသွားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် တရားမဝင်ဖွင့်လှစ်ထားသည့် ဆေးခန်းများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ အငှားကိုယ်ဝန်ဆောင်များနှင့်အတူ ထိုလုပ်ငန်းကို စီစဉ်ဆောင်ရွက်ပေးနေသည့် ခေါင်းဆောင်ငါးဦးကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
11-Sep-2018
မကြာသေးမီက ဖိလစ်ပိုင်သမ္မတ ဒူတာတေးတစ်ယောက် အစ္စရေးနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့သည်။ အစ္စရေးခရီးစဉ်တွင် ဒူတာတေးက ယခင် အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဘားရက်အိုဘားမားအား တောင်းပန်လိုက်သဖြင့် အံ့အားသင့်စရာ ဖြစ်သွားရသည်။ တစ်ချိန်က သူသည် အိုဘားမားကို “son of a bitch” ဟူ၍ တစ်တစ်ခွခွ ဆဲခဲ့ဖူးသည် မဟုတ်ပါလား။
08-Sep-2018
နယူးယောက်စီတီးတစ်မြို့လုံး သတင်းတွေပြန့်နေသည်။ Facebook ပေါ်တွင်လည်း ဝေဖန်မှုတွေညံနေသည်။ အလက်ဇန်းဒါး ဗဟိုအထက်တန်းကျောင်းတွင် ကျောင်းသားတွေက PRIDE ဆိုသည့် လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နေကြသည်။ PRIDE ဆိုသည်မှာ People Respecting Individuality, Diversity and Equality ၏ အတိုကောက်ဖြစ်ပြီး အားလုံးတန်းတူညီမျှ ဆက်ဆံရေးကို အခြေပြုကာ လှုပ်ရှားလာသည့် လူငယ်များ၏ ဖော်ဆောင်မှုတစ်ခု ဖြစ်သည်။ တစ်နည်းပြောရလျှင် ဂေးတို့သည် သူတို့အတွက် နောက်ဆုံးခံတပ်တစ်ခုကို အခိုင်အမာတည်ဆောက်ရန် အမေရိကတွင် ကြိုးစားနေကြခြင်းဖြစ်သည်။
04-Sep-2018
ဒူတာတေး၏ မူးယစ်စစ်ပွဲတွင် ဘယ်ကရောက်လာမှန်းမသိသော၊ မည်သူမှန်းမသိသောသူတွေက ပစ်ခတ်မှုဖြင့် အသက် ၄၄ နှစ်အရွယ် ဆိုက်ကားသမား ဒိုမင်ဂိုနှင့် သူ့သားလေးတစ်ယောက် ဆုံးရှုံးခဲ့ရပြီ။ ဖိလစ်ပိုင်တွင် ထိုသို့သော အဖြစ်အပျက်တွေက ဒူတာတေး တက်လာပြီးနောက် ဆက်တိုက်လိုလို ဖြစ်နေသည်။ မည်သူမှန်းမသိ၊ မည်သည့်နေရာကမှန်းမသိသော သေနတ်သံတွေ ပေါ်ထွက်လာပြီး သွေး ချောင်း စီးနေကြရသည့်အဖြစ်မှာ ဆင်းရဲသားရပ်ကွက်များတွင် မထူးဆန်းတော့သလို ဖြစ်လာသည်။
01-Sep-2018
၂ဝ၁၈ ခုနှစ်ဦးပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ ဖလောရီဒါပြည်နယ်တွင် အသက် ၁၂ နှစ် အရွယ် လူငယ်နှစ်ဦးကို Cyberbullying ခေါ် အွန်လိုင်းကတစ်ဆင့် အနိုင်ကျင့်ဗိုလ်ကျမှုကြောင့် ဖမ်းဆီးလိုက်ကြောင်း သတင်းမီဒီယာများပေါ် သတင်းတွေတက်လာသည်။ အလယ်တန်းကျောင်းသူလေးတစ်ဦး သေဆုံးမှုသည် ယင်းကျောင်းသားနှစ်ဦး၏ အနိုင်ကျင့်ခြိမ်းခြောက်မှုများကြောင့်ဖြစ်သည်ဆိုပြီး ရဲတပ်ဖွဲ့က လူငယ်နှစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
28-Aug-2018
နိုင်ငံရေးဖိနှိပ်မှုများကြားတွင် တစ်ကျော့ပြန် အာဏာပြန်ရလာစေရန် စွမ်းဆောင်နိုင်သည့် ဟွန်ဆန်အပေါ် ပြည်သူများကရော၊ နိုင်ငံတကာကပါ အထင်ကြီးလေးစားနိုင်စရာ အကြောင်းမရှိပေ။
23-Aug-2018
အာရှတွင် တရုတ်နှင့် ဗီယက်နမ်သည် သင်းခွေချပ်အများဆုံး မှောင်ခိုရောင်းဝယ်နေသည့် နိုင်ငံများဖြစ်သည်။ ထိုနှစ်နိုင်ငံတွင် သင်းခွေချပ် အကြေးခွံမှာ တန်ဖိုးထားသည့် ပစ္စည်းတစ်မျိုးဖြစ်နေပြီး ဆေးဝါးအတွက် သုံးစွဲနေကြခြင်းဖြစ်သည်။ ထို့ပြင် သင်းခွေချပ်အသားကလည်း ဟိုတယ်ကြီးများတွင် ဇိမ်ခံစားသောက်ရသော တန်ဖိုးကြီး အစားအစာတစ်ခုအဖြစ် သတ်မှတ်ထားပြီး စားသုံးစရာဖြစ်နေသည်။
18-Aug-2018
ကျောင်းသားများအပေါ် တရားမဲ့နှိမ်နင်းလိုက်ခြင်းက အော်တေးဂါးအပေါ် ပြည်သူတွေ ပေါက်ကွဲစရာ ဖြစ်လာရသည်။ ထို့ကြောင့်လည်း ဆန္ဒပြပွဲတွေက အတောမသတ်ဖြစ်လာခဲ့သည်။ ပြည်သူတွေက “အာဏာရှင်စနစ် တော်လောက်ပြီ” ဟု သံပြိုင်ထွက်လာကြသည်။
14-Aug-2018
အသက် ၁၅ နှစ်အရွယ်တွင် သူသည် သာသနာ့ဘောင်ကိုဝင်သည်။ ၆ နှစ်အကြာတွင် ရဟန်းဘောင်တက်ပြီး တန်ခိုးရှင် ကိုယ်တော်လေးဟု နာမည်ရလာသည်။ ရက်ချာသနီအရပ်တွင် သူ့ကို လူသိများလာသည်။ သူက တောထဲတွင်လှည့်လည်ပြီး တရားကျင့်သည်ဟုဆိုသည်။ လာအို၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား နိုင်ငံများသို့ ရောက်ဖူးသည်။ သူ့ကို မြွေမကိုက်၊ မြွေလည်းမကြောက်။ အဘယ်ကြောင့်ဆိုသော် သူ့ဇနီးသည် ယခင်ဘဝက မြွေဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။
07-Aug-2018
“ကျွန်တော် ထွက်ပြေးဖို့ ကြိုးစားရင် ပိုက်ဆံပေးပြီးတော့ ကျွန်တော့်ကို သူ့လူတွေနဲ့ လိုက်ဖမ်းခိုင်းမှာပဲ။ မိရင်သေလုမြောပါးဖြစ်အောင် ရိုက်ပြီး လှေဆီကို ပြန်ပို့ကြလိမ့်မယ်” ဟုဆိုသည်။
02-Aug-2018
အသက် ၁၀ နှစ်အရွယ်ကလေးမလေးကလည်း သူ့ကို ညဆိုလျှင် လာဆွဲခေါ်သွားတတ်ပြီး အဝတ်အစားတွေကို ဆွဲချွတ်ခဲ့ကြောင်း၊ ငြင်းဆန်လျှင်လည်း ခြေထောက်များကို ရောင်လာသည်အထိ ရိုက်နှက်တတ်ကြောင်း ပြောပြသည်။ တစ်ယောက်ကလည်း ဆေးသောက်ရန် ငြင်းဆန်သည့်သူ့ကို ရေနွေးပူနှင့် လောင်းသည်ဟုဆိုသည်။ ကလေးတစ်ယောက်က အဓမ္မပြုကျင့်သူကို တွန်းလိုက်ရာ သူ့ကို ရက်ပေါင်းများစွာ အငတ်ထားပြီး နောက်ဆုံး တောင်းပန်ပြီး သူတို့အလိုလိုက်မှ ခွင့်လွှတ်လိုက်သည်။ မုဒိမ်းကျင့်ရန် ငြင်းဆန်လျှင် ရိုက်နှက်ခြင်းမှာ ရိုးနေပြီဟု မိန်းကလေးတစ်ယောက်က ရဲကို ပြောပြသည်။
31-Jul-2018
“စီရင်ချက်၊ ရှလီကျန်းနှင့် ဟောင်ကျန်းရီတို့ နှစ်ဦးအား ကွင်းလယ်ကိုထုတ်ပြီး ချက်ချင်းပစ်သတ်စေ”ဟု စီရင်ချက်ကို ဖတ်ပြလိုက်သည်။ ထိုနေ့က မူးယစ်ဆေးဝါးပြစ်မှုအတွက် ချက်ချင်းပစ်သတ်ခံရသူ တရားခံနှစ်ဦးအပြင် အခြား ၆ ဦးလည်းရှိသေးသည်။ သူတို့က အခြားပြစ်မှုများကြောင့်ဖြစ်ပြီး ဟိုင်းကောင် အားကစားကွင်းအတွင်း ထိုနေ့က သေဒဏ်စီရင်ခြင်းခံရသူမှာ ၈ ဦးဖြစ်သည်။