News

13-Nov-2018
“ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ အသိပညာရဖို့ ပိုမိုလုပ်ဆောင်ပေးရပါလိမ့်မယ်။ သူတို့သိလာမှ သူတို့ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံရေးသမားတွေကို မေးခွန်းတွေ ထုတ်တတ်လာမယ်။ ဒါမှ အမှန်ကို အမြန်ရောက်မယ်” ဟု အူဒါမန်၏ ပြောစကားမှာ နိုင်ဂျီးရီးယားနိုင်ငံ အရပ်ဘက်အဖွဲ့အစည်းများ၏ အစိုးရအပေါ် စောင့်ကြည့်လုပ်ဆောင်နေမှုများ၏ ရင်တွင်းစကားသံဖြစ်ပါသည်။
08-Nov-2018
“ကျွန်တော်ပြန်ပေးလိုက်တဲ့ ငွေတွေထဲက တစ်ပြားမှမခိုးဘူး။ ကျွန်တော် အစိုးရအဖွဲ့ထဲမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ်။ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်ရတဲ့ ရန်ပုံငွေတွေကို စာရင်းနဲ့ဖော်ထုတ်ပြနိုင်တယ်။ ကျွန်တော် သူခိုးလည်းမဟုတ်ဘူး၊ ဓားပြလည်း မဟုတ်ဘူး။ လူကြမ်းတစ်ယောက်လည်း မဟုတ်ဘူး”
06-Nov-2018
လွန်အေးစက်နေသည့် ဆောင်းရာသီ နံနက်ခင်းတွင်ဖြစ်သည်။ ဘေဂျင်းမြို့အနောက်ဘက် ဖန်ဟောင်တောင်ခြေတွင် ယောကျာ်းလေး ၁၈ ဦးသည် အေးမြသည့်လေထဲ၌ ကြံ့ကြံ့ခံပြီး သင်တန်းပေးခြင်းခံနေကြရသည်။
01-Nov-2018
ယခင်က စစ်တပ်တွင် ဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ လက်ယာစွမ်းဝါဒီအဖြစ် ထင်ရှားသည့် နိုင်ငံရေးသမားယာယီး ဘိုဆာနရို (Jair Bolsonaro) တစ်ယောက် အလုပ်သမားပါတီမှ လက်ဝဲစွန်းဝါဒီ သူ၏ပြိုင်ဘက် ဖာနန်ဒိုကို ၅၅ ဒသမ ၂ ရာခိုင်နှုန်းမဲဖြင့် အသားစီးရကာ ဘရာဇီးနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံလိုက်ရပြီဖြစ်သည်။ သူ့ပြိုင်ဘက်က ရရှိသည့် မဲပမာဏက ၄၄ ဒသမ ၈ ရာခိုင်နှုန်းသာဖြစ်သည်။
30-Oct-2018
ဆီးရီးယားနိုင်ငံသည် သတင်းထောက်များအတွက် အလွန်အန္တရာယ်ရှိသည့် နေရာတစ်နေရာဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လတွင် နိုင်ငံရေးပဋိပက္ခများကြောင့် ဒါဇင်နှင့်ချီပြီး သတင်းထောက်တွေ အသတ်ခံခဲ့ကြရသည်။ ပျောက်ဆုံးနေသော သတင်းထောက်တွေ များစွာရှိနေပြီး သူတို့၏ ကံကြမ္မာတွေကလည်း ဘာမှန်းယနေ့တိုင် မသိနိုင်ခဲ့ပေ။
26-Oct-2018
“ရိုက်တာကတော့ မရေတွက်နိုင်အောင်ပဲ။ နောက်ဆုံးအခေါက် မေးရိုးကျိုးတုန်းက တစ်လလောက် ထမင်းမစားနိုင်ဘူး၊ ဆန်ပြုတ်ပဲသောက်ရတယ်” ဟု မဖြူမွန်က ဆိုသည်။
25-Oct-2018
ကမ္ဘာ့နေရာအနှံ့ ထိုကလေးတွေလို အိမ်ထဲပိတ်လှောင်ထားခြင်း ခံနေရပြီး ငရဲကျနေသည့်ဘဝကို ခံစားနေကြရသည့် ကလေးပေါင်းမည်မျှရှိနေသနည်း။ အမှောင်တွင်းမှလုပ်ငန်းများဟု အမည်ပေးထားသည့် အိမ်ဖော်မှအစ ပြည့်တန်ဆာခန်းအဆုံး မလုပ်ချင်သည့် အလုပ်များကို လုပ်နေရသည့် ကလေးတွေကို ထိုဘဝရောက်စေရန် လူကုန်ကူးနေကြသည့် လုပ်ငန်းကြီးကပင် တစ်နှစ် ဒေါ်လာဘီလီယံ ၁၅၀ ခန့်အထိ ဖွံ့ဖြိုးတိုးတက်နေသည့် လုပ်ငန်းကြီးဖြစ်နေသည်။
23-Oct-2018
တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့ရှိ ဆော်ဒီအာရေးဗီးယား ကောင်စစ်ဝန်ရုံးသည် ကြည့်လိုက်လျှင် သာမန်အိမ်လေးတစ်အိမ်လိုဖြစ်သည်။ သံရုံးဟု ထင်မြင်ရမည့် အနေအထားထက်ပင် သေးငယ်သော အိမ်လေးဖြစ်နေသည်။ အစ္စတန်ဘူမြို့ဆင်ခြေဖုံးရပ်ကွက် တိတ်ဆိတ်သည့် လမ်းလေးထဲတွင်ရှိသည့် သံရုံးမှာ အဝါရောင်ဆေးများဖြင့် သုတ်ထားသည်။ အိမ်ခေါင်မိုးပေါ်တွင် ဆော်ဒီနိုင်ငံ ဓားနှစ်လက် အစိမ်းရောင်အလံကို လွှင့်ထူထားပြီး၊ ဘေးပတ်ဝန်းကျင်ရှိ ရှေးဟောင်းတိုက်တွေလို တိုက်တစ်တိုက်သာဖြစ်သည်။
23-Oct-2018
“လက်မှုပညာဖြစ်လို့ ကိုယ့်ဗမာလူမျိုးတွေက ရိုးရာထည်လေးတွေကို မြတ်နိုးတဲ့သူကတော့ ရှိနေဦးမှာ။ ရိုးရာစွဲဆိုတာ ရှိနေသေးသမျှ ဒီလက်မှုပညာကလည်း ပျောက်နိုင်မှာမဟုတ်ပါဘူး”
22-Oct-2018
ငွေကြေးချမ်းသာသည့် ကျန်ရစ်သူ မိသားစုများသည် ရောင်စုံဂူနေအိမ်လေးများကို တည်ဆောက်၍ သေဆုံးသွားသူများ၏ အရိုးပြာများကို ထည့်သွင်းမြှုပ်နှံပေးရာမှ ယင်းသုသာန်မြေအတွင်း ပုံသဏ္ဌာန်မျိုးစုံရှိ ရောင်စုံဂူနေအိမ်လေးများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
22-Oct-2018
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တန်ပြန်သည့်အနေနှင့် မြန်မာနိုင်ငံမှ လာသည့်သွင်းကုန်များကို ဦးစားပေး အခွန်လျှော့ပေါ့ပေးသည့် GSP ဦးစားပေးမှု ဖယ်ရှားခံရမည် ဆိုပါက မြန်မာနိုင်ငံ၏ တိုးတက်ခါစ အလွန်အရေးပါသော အထည်ချုပ်လုပ်ငန်းအတွက် ထိခိုက်မှုများ ရှိလာပေမည်။
18-Oct-2018
တွန်ဒိုရပ်ကွက်အတွင်းနေထိုင်ကြသူပေါင်း သိန်းချီရှိသည်။ အမှိုက်ပုံတစ်ဝိုက် အိမ်ဆိုကာမျှဖြစ်သလို ဆောက်ထားသည့် နေစရာများထဲတွင် သူတို့ နေထိုင်ကြသည်။ သူတို့ဘဝတွေက စွန့်ပစ်အမှိုက်ပုံကြီးကို မှီခိုနေကြရသည်။ ထိုအမှိုက်ပုံမှရသော ပစ္စည်းလေးများကို ပြန်ရောင်းစားရင်း ဘဝဆက်နေကြရသူများဖြစ်သည်။
16-Oct-2018
ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်နီ (Alexei Navalny) တစ်ယောက် သုံးပတ်အကြာ ထိန်းသိမ်းခြင်းခံရပြီး လွတ်မြောက်လာပြီဖြစ်သည်။ သူ့ကို ကရင်မလင်အစိုးရအား ဆန့်ကျင်ရန် တရားမဝင်အဖွဲ့အစည်းဖွဲ့ပြီး လှုပ်ရှားမှုဖြင့် ထောင်ချခဲ့ခြင်းဖြစ်သည်။
09-Oct-2018
“ကျွန်မကတော့ အိုင်အက်စ်တွေ သတ်တာကို ခံလိုက်ရတဲ့ ကျွန်မအမေရယ်၊ ကျွန်မကျွေးမွေးစောင့်ရှောက်နေရတဲ့ ကလေးတွေကို ဂုဏ်ပြုတာလို့ပဲ ထင်ပါတယ်”ဟု နာဒီယာကပြောကြားခဲ့သည်။