03-Jan-2019
အရည်အချင်းပြည့်မီသော ဆရာဆိုသည်မှာ နှစ်ရှည်လများ စီမံချက်ဖြင့် မွေးထုတ်မှသာ ရနိုင်ပေသည်။ အရည်အချင်းရှိသော ပညာရေး၊ အရည်အချင်း ပြည့်ဝသော ဆရာများနှင့်သာ အရည်အချင်းပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်နိုင်မည်ဖြစ်သည်။ ဆရာတွေ စိတ်ဓာတ်ကျပြီး ထွက်သူထွက်၊ ပညာရှင်တွေ ပင်စင်ယူ၊ ကျောင်းများထဲတွင် သင်မည့်သူမရှိဘဲ တက္ကသိုလ်ခွဲများကို အရေအတွက်အရ ထူထောင်ခဲ့ခြင်းကြောင့် မပြည့်စုံသည့်ဘဝများကို ပညာသင်ကြားသူရော၊ သင်ယူသူတို့ပါ စိတ်ပျက် သွားစေအောင် ပြုလုပ်သလိုလည်းဖြစ်ခဲ့ရသည်