26-Feb-2019
ယန်ကူးရှက်က အသက် ၂၇ နှစ်သာရှိသေးသည်။ သူသည် နိုင်ငံအတွင်း အီတလီမာဖီးယားများနှင့် ဆလိုဗက် နိုင်ငံရေးသမားတို့ပူးပေါင်းကာ အဆင့်မြင့်ထိပ်တန်း အရာရှိများ၏ အကျင့်ပျက်ခြစားမှုများ၊ လာဘ်စားမှုများ၊ အခွန်တိမ်းရှောင်မှုများကို ထောက်လှမ်းဖော်ထုတ် ရေးသားနေသော သတင်းသမားတစ်ဦးလည်းဖြစ်သည်။ ပြည်သူတို့ထံ သတင်းအမှန်များကို တင်ပြပေးနေသူ သတင်းသမားတစ်ဦး လုပ်ကြံခံလိုက်ရသည်ဆိုခြင်းကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်သွားပြီး ပြည်သူတွေ လမ်းပေါ်ထွက်လာ၍ ဆန္ဒပြကြရာ ၁၉၈၉ ခုနှစ်တွင် ဖြစ်ပွားသော ကတ္တီပါတော်လှန်ရေးပြီးလျှင် အကြီးကျယ်ဆုံးသော လူထုလှုပ်ရှားမှုကြီးတစ်ခု ဖြစ်ခဲ့ရသည်။