08-Mar-2019
ယင်ယုကိုကြည့်လိုက်လျှင် တကယ့်ပါရမီရှင်တစ်ဦးဟု ထင်စရာအကြောင်းမရှိ။ သူ့ကိုယ်အလေးချိန်ကလည်း ပေါင် ၁၀၀ ကျော်ကျော်လေးပဲ ရှိမည်ထင်သည်။ မြို့သားတစ်ဦးပီပီ ဆံပင်ကို ဆေးဆိုးထားသည်။ သူက ခေါင်းစွပ်လေးတစ်ခုကို စွပ်ထားသည်။ သူ့ခေါင်းစွပ်တွင် ရေးထိုးထားသည့် စာတန်းက Dope Shit ဖြစ်သည်။ တရုတ်သည် ဆူပါ ပါဝါအနေအထား မြင့်တက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အသက် ၂၀ ခန့်သာရှိသေးသည့် ကျောင်းသားအရွယ် အထင်ကြီးစရာမကောင်းသော ယင်ယုတစ်ယောက် အရေးပါသော နိုင်ငံ၏အခန်းကဏ္ဍတစ်ခုတွင် တာဝန်ထမ်းဆောင်နေရသူတစ်ဦးဟု ပြောလိုက်လျှင် ပိုပြီး အံ့အားသင့်သွားကြပေလိမ့်မည်။