News

17-Nov-2016
မူဆိုလိုနီသည် သမီးလေး အက်ဒါကို အလွန်ချစ်မြတ်နိုးခဲ့သည်။ သမီးလေးကြောင့် သူ၏ အရိုင်းစိတ်များလည်း ပျော့ပျောင်းနူးညံ့လာခဲ့ရသည်ဟု ဆိုကြသည်။ ထို့ပြင် သမီးအနာဂတ် အတွက်လည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။ မွေးကင်းစ ရက်ပိုင်းအရွယ် သမီးလေးကို မျက်စိအောက်က အပျောက်မခံ ဖြစ်ခဲ့ပြီး၊ ညအိပ်လျှင်ပင် အနားတွင် ထားအိပ်သည် ဟုဆိုကြသည်။ သမီးလေးက ညမအိပ်လျှင် သူက ထပြီး တယောထိုးပြသည်။ ဂီတက သမီးဖြစ်သူကို အိပ်ပျော်စေမည်ဟု သူကထင်ပြီး တယောထိုးသော်လည်း အက်ဒါက သူငိုချင်သလို ငိုသည်။ အိပ်ချင်မှ အိပ်သည်။ သမီးက မီးလင်းလျှင် မအိပ်ဟုထင်ပြီး ဖယောင်းတိုင်များကို ငြှိမ်းပစ်သည်။ သို့သော် သမီးဖြစ်သူက မအိပ်ဘဲ အော်ငိုသည့်အခါတွင် သူ့ဇာတိစိတ်များ ထိန်းမနိုင်သိမ်းမရ အုံကြွလာပြီး စာအုပ်များ၊ နာရီများ၊ ဖိနပ်များကို ပစ်ပေါက်သောင်းကျန်းခဲ့မှုများ ဖြစ်ခဲ့ရသည်။
12-Nov-2016
မီဒီ၏ ရည်မှန်းချက်က အော်စကာဆု မဟုတ်။ ငွေကြေးမဟုတ်။ ဇာတိမြေက လူများအကြောင်း၊ မြန်မာနိုင်ငံက ရိုးရာ၊ ယဉ်ကျေးမှုများအကြောင်း၊ ဝတ်စားဆင်ယင်မှုများ ကြောင်းကို ရိုက်ကူးကာ ကမ္ဘာသို့ တင်ပြရန် ဖြစ်သည်။
27-Oct-2016
အီဒီအာမင်၏သား ဖိုင်ဆယ် ဝမ်ဂီတာ တစ်ယောက် လူမိုက်လမ်းသရဲ ဂိုဏ်းအုပ်စုအတွင်း ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းနေသည်။ လူငယ်လေး တစ်ယောက်ကို ဓားနှင့်ထိုး၊ တုတ်တွေနှင့် ရိုက်နေသည့် အကြမ်းဖက် သွေးပျက်စရာ မြင်ကွင်းကို ဈေးဝယ်ထွက်လာသူများ၊ ကမ္ဘာလှည့် ခရီးသည်များ မျက်စိရှေ့မှောက်တွင်ပင် ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
20-Oct-2016
မာကို မီလိုဆာဗစ် (Marko Milosevic) တစ်ယောက် အသက် ၄၀ ကျော်ပြီ။ ၁၉၇၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မွေးဖွားသဖြင့် အတိအကျ ဆိုရလျှင် ၄၂ နှစ် ရှိပြီဟု ဆိုရမည်။ သူ့ဖခင်မှာ ယခင်ဆားဘီးယန်း သမ္မတဟောင်း ဆလိုဘိုဒန် မီလိုဆာဗစ် ဖြစ်သည်။ ဖခင်ခေတ်ကောင်းစဉ်က ဆိုးသွမ်းရမ်းကားခဲ့သမျှ သူ့ဖခင် အရာကျသည့် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၅ ရက်နေ့တွင် တိုင်းပြည်က ထွက်ပြေးသွားခဲ့ရသည်။ ရုရှားနိုင်ငံတွင် ဒုက္ခသည်တစ်ဦး အနေနှင့် ခိုလှုံပြီး ဇနီးဖြစ်သူ မီလီကာ ဂါဂျစ်၊ သားမာကိုတို့နှင့်အတူ နေထိုင်လျက်ရှိကြောင်း သိရသည်။
18-Oct-2016
သမိုင်းတွင် ဘုရင်စနစ်ကို နှစ်သက်မြတ်နိုးစွာဖြင့် လက်ခံသော ပြည်သူများ နည်းပါသည်။ သက်တမ်းရှည် လက်ခံပြီး ချစ်ခင်ရန် ဆိုသည်မှာလည်း အလွန်မလွယ်သည့်ကိစ္စ ဖြစ်သည်။ ထိုင်းနိုင်ငံတွင်တော့ ဘူမိဘော၏ ရုပ်ပုံကို အိမ်တိုင်း၊ ဆိုင်တိုင်း၊ တစ်နိုင်ငံလုံး နေရာအနှံ့ အလေးအမြတ်ထားပြီး ချိတ်ဆွဲထားလေ့ ရှိကြသည်။ နှစ်ပေါင်းများစွာ ပြည်သူချစ်သော ဘုရင်တစ်ပါးဖြစ်ရန် မလွယ်သည့်ဂုဏ်ကို ဘူမိဘောသည် ထိန်းသိမ်းထားနိုင်ခဲ့သည်။
13-Oct-2016
သူသည် ငယ်စဉ်ကတည်းက ဘောလုံးရူးတစ်ယောက် ဖြစ်ခဲ့သည်။ သားဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် ဖခင်အာဏာရှင် ကဒါဖီသည် ဘောလုံးကလပ်အသင်း တစ်သင်းကို ဝယ်ပေးခဲ့သည်။ ထရီပိုလီ Al Ahli အသင်းတွင် ဆာဒီးသည် တိုက်စစ်မှူး ဖြစ်လာသည်။ သူသည် ဘောလုံးအသင်းတွင် နံပါတ်မပါ ကိုယ့်အမည်ကို တပ်ခွင့်ရသည့် အခွင့်ထူးခံ ကစားသမားတစ်ဦး ဖြစ်လာသည်။
11-Oct-2016
ထိုင်းနိုင်ငံ လုံခြုံရေးတပ်သည် ဘုရင့်တပ်နှင့် ပူးပေါင်းပြီး ဆန္ဒပြ ကျောင်းသားများကို ဝင်ရောက်နှိမ်နင်းခဲ့ကြသည်။ သူတို့က ကျောင်းဝင်းအတွင်း ဝင်ရောက်ပြီး ကျောင်းသားများကို သေနတ်နှင့်ပစ်ခြင်း၊ ဓားဖြင့်ထိုးခြင်းများအပြင် ကျောင်းသားများကို သစ်ပင်များတွင် ကြိုးဆွဲချကာ သတ်သည်အထိ ရက်စက်စွာ ပြုမူပြီး တုံ့ပြန်ခဲ့ကြသည်။
06-Oct-2016
သူ့အကြောင်း အနောက်နိုင်ငံ သတင်းပေါင်းစုံတွင် ဖတ်နိုင်ပါသည်။ အကောင်းကြိုက်၊ အမြှောက်ကြိုက်၊ ဇိမ်အလွန်ခံတတ်ပြီး ကမ္ဘာ့အသုံးအဖြုန်း အကြီးဆုံး အာဏာရှင် တစ်ယောက်ဟူ၍ပင် နာမည်ကျော်ခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်များ၊ စီရင်ချက်များ၊ နှုတ်ထွက်စကားများသည် ဥပဒေ ဖြစ်သည်။ ကိုယ်ကျင့်တရား၊ သိက္ခာ သူဂရုစိုက်ချင်မှ စိုက်တတ်သည်။ ကုလသမဂ္ဂ ကိုယ်တိုင်ကပင် ကင်ဂျုံအန်း တစ်ယောက်၏ သုံးဖြုန်းနေထိုင်မှုများကို စုံစမ်းစစ်ဆေးနေရသည်။ တစ်တိုင်းပြည်လုံး၏ GDP က အနိမ့်ဆုံး အနေအထားတွင် သူအဘယ်ကြောင့် သုံးဖြုန်းကာ နေနိုင်သနည်း။
29-Sep-2016
သူ့အမည်က သိုအိုဒိုငုမာအိုဘီယန် မွန်ဂဲ (Teodoro Nguema Obiang Mangue) ဖြစ်သည်။ အီကွေတိုးရီးယား ဂီနီနိုင်ငံမှ အာဏာရှင်ကြီး သီအိုဒို အိုဘင်းငုမာအမ်ဘာဆိုဂို (Teodoro Obiang Nguema Mbasogo) ၏ သားဖြစ်သည်။ ရပ်ပါအဆိုတော်မလေး အိဗ်ကို ချိန်းတွေ့ရန်အတွက် မာလီဘူးမှ အိမ်တစ်လုံးကို ဒေါ်လာ ၃၅ သန်း လက်ငင်းငွေချေပြီး ဝယ်ပစ်လိုက်သည့် အာဏာရှင်သားဆိုလျှင် လူတိုင်းသိထားကြပါသည်။
27-Sep-2016
ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးလားသော နိုင်ငံအများစုတွင် အိမ်ဖော်များ လိုအပ်ချက်က ပိုပြီး ကြီးမားနေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများမှ အမျိုးသမီး အများစုသည် တရားဝင်လမ်းကြောင်းများထက်၊ တရားမဝင် လမ်းကြောင်းများက ထွက်ပြီး ထိုနိုင်ငံများတွင် မိမိတို့ဘဝကို ပေးဆက်နေကြရမှုများ ရှိနေသည်။ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများမှ အမျိုးသမီးများသည် ချမ်းသာသည့် နိုင်ငံများတွင် ဒုက္ခဆင်းရဲမှုပေါင်း များစွာ ခံစားကာ မိသားစုများအတွက် ငွေရှာပေးနေရမှုများ ရှိနေသည်။
23-Sep-2016
နံနက်စောစောဆိုလျှင်ပင် လှည်းတန်းခုံးကျော်တံတားအောက်တွင် ကြီးတော်အလုပ်ရှုပ်နေပြီ ဖြစ်သည်။ ကြီးတော်ဘေးတွင် ဆယ်နှစ်သားဝန်းကျင်အရွယ် ကောင်လေး သုံးဦးလည်းပါသည်။ ကောင်လေးသုံးဦးတွင် အနှီးပတ်ထားသော လသားကလေးတစ်ဦးလည်း ပါလာသည်။
23-Sep-2016
အိမ်ဟုဆိုလိုက်လျင် လုံခြုံနွေးထွေးရာ နားခိုစရာဟု မှတ်ယူကြသည်။ သို့သော် မမေသူဟန်အပါအဝင် မိန်းကလေးအချို့အတွက်တော့ ရာနှုန်းပြည့်မမှန်
20-Sep-2016
အိန္ဒိယနိုင်ငံမြောက်ပိုင်း ကမ်ပါမြို့မှ ဗီကာသည် လွန်ခဲ့သည့် သုံးနှစ်ခန့်က ကျောင်းထွက်လိုက်ရသည်။ ဖခင်၏ လယ်လုပ်ငန်းကို ကူမည့်သူမရှိ မိသားစုကလည်း ဆင်းရဲသဖြင့် ထုံးစံအတိုင်း ကျောင်းစောစောထွက်ကာ ပိုက်ဆံရှာပေးရတော့သည်။
20-Sep-2016
“ဆရာမ ... ကျွန်မတော့ ပါသွားပြီ”ဟု ကူရာ ကယ်ရာမဲ့ စူးစူးဝါးဝါး အော်ဟစ်သံ အဆုံး ငမင်ချောင်းသည် ဆရာမလေး ဒေါ်လင်းစန္ဒာကို မပြန်လမ်းသို့ အပြီး ခေါ်ဆောင်သွားခဲ့ပြီ။
18-Sep-2016
အများပြည်သူကို ဝန်ဆောင်မှု ပေးရသည့် ပြည်သူ့ဝန်ထမ်းများ အနေနှင့် မိမိတို့ တာဝန်ကျရာနေရာတွင် သွားရောက်တာဝန်ထမ်းဆောင်ခြင်း မရှိဘဲ အထက်အကြီးအကဲများနှင့် ပူးပေါင်းကာ လုပ်ငန်းခွင်ပြင်ပတွင် နေထိုင်နေမှုများနှင့် ပတ်သက်၍ ၎င်းက ပြောဆိုခြင်း ဖြစ်သည်။ အဓိပ္ပာယ်အားဖြင့် ပြည်သူ့ဝန်ကို ထမ်းစေခြင်း ဆိုသော်လည်း လက်တွေ့တွင်မူ ပြည်သူကသာ ထိုသူတို့၏ တာဝန်ကို ထမ်းနေရသည့် ဖြစ်ရပ်များက နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရား ရောက်ရှိရာ ဒေသများစွာတွင် အနည်းနှင့် အများတော့ ရှိနေတတ်သည်။