News

POST TYPE

FEATURE

တရုတ်နိုင်ငံတွင် ထောင်ကျနေသော မြန်မာလုပ်သား ၁၃၇ ဦး ပြန်လွတ်
31-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၃၀

တရုတ်နိုင်ငံအတွင်း တရားမဝင်သွားရောက်လုပ်ကိုင်မှုဖြင့် ထောင် ၁၀ လစီကျခံခဲ့ရသော မြန်မာလုပ်သား ၁၃၇ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့က တရုတ် အာဏာပိုင်များက မြန်မာပြည်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ်မြို့ရှိ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကျော်ညွှန့်က ပြောကြားသည်။

“တရုတ်ဘက် ခိုးသွားတဲ့အပေါက်တွေကနေပြီး အလုပ်သွားလုပ်ကြတာပေါ့။ ဟိုမှာ အဆင်မပြေလို့ ပြန်လာတဲ့အချိန် အဖမ်းခံကြရတာ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအလုပ်သမား ၁၃၇ ဦးသည် တရားမဝင် သွားရောက်လုပ်ကိုင်ခဲ့သည့်အတွက် ဖမ်းဆီးခံရပြီး ထောင် ၁၀ လစီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရာမှ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း မူဆယ် အခြေစိုက် ရွှေမြန်မာအွန်လိုင်းပရဟိတအသင်းမှ ကိုချမ်းမြေ့က ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်းက တရုတ်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်သောကြောင့် ဖမ်းဆီးခံရပြီးနောက် မြန်မာပြည်ဘက်သို့ ပြန်လွှဲသူ တစ်သောင်းကျော်ရှိကြောင်း မူဆယ်မြို့ရှိ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

J-18