News

POST TYPE

FEATURE

ကျိုင်းတုံတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည့် ဇနီးမောင်နှံနှစ်ဦးဖမ်းမိ
15-Jan-2019

ကျိုင်းတုံ၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းနောရွာတွင် ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသည့် ဇနီးမောင်နှံ နှစ်ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းလတ်က ပြောကြားသည်။

“သတင်းရလို့ သူတို့အိမ်ကို သွားရှာဖွေချိန်မှာ ဖမ်းမိခဲ့တာပါ။ သူတို့လင်မယားနှစ်ယောက်က ရွာထဲမှာ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချနေတဲ့အပြင် ကိုယ်တိုင်လည်း သုံးစွဲနေကြတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် အဖောရှို (၁၉ နှစ်)နှင့် ဒေါ်နာအီ (၃၇ နှစ်)တို့ဇနီးမောင်နှံနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၄ ပြား၊ မူးယစ်ဆေးဝါးရောင်းချရငွေ ကျပ်နှစ်သိန်းတို့ကို ဖမ်းဆီးရမိခဲ့၍ ၎င်းတို့နှစ်ဦးကို မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16