News

POST TYPE

FEATURE

လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် ဖုံးကွယ်ပေးထားမှု နှစ်မျိုးစလုံးကို သည်းခံတော့မည်ဟုမဟုတ်ဟု ပုပ်ရဟန်းမင်းကြီးမိန့်ကြား
08-Oct-2018


စင်ကာပူ၊ အောက်တိုဘာ ၇ 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြီးခဲ့သည့်ဇူလိုင်လက နုတ်ထွက်ခဲ့သော ဝါရှင်တန် ဂိုဏ်းချုပ်ဆရာတော်ဟောင်း သီအိုဒိုမက် ကာရစ်နှင့်စပ်လျဉ်း၍ ဗာတီကန်ကျောင်းတော် မှတ်တမ်းများကိုစုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ပြီးနောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေမှုမျိုးကို သည်းခံတော့မည်မဟုတ်ကြောင်း မိန့်ကြားခဲ့သည်ဟု Channel News Asia သတင်းဌာနက ဖော်ပြသည်။

“စော်ကားနှောင့်ယှက်တာရော၊ ဖုံးပေးထားတာရော နှစ်မျိုးစလုံးကို သည်းခံတော့မှာမဟုတ်ပါဘူး”ဟု ပုပ်ရဟန်းမင်းကြီးက ကြေညာချက်တစ်စောင် ထုတ်ပြန် အသိပေးခဲ့ပြီး ကျောင်းတော်အနေနှင့် ယင်းပြဿနာကို ကိုင်တွယ်ရတော့မည်ဟု ကြေညာခဲ့သည်။

ပုပ်ရဟန်းမင်းသည် ထင်ရှားသော အမေရိကန်ကာဒီနယ် ဘုန်းတော်ကြီးတစ်ဦး နှင့်ပတ်သက်သောစွဲချက်များကို လျစ်လျူရှုထားသည်ဟု ဝါရှင်တန်ဆိုင်ရာ ဗာတီကန် ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော် ကာလိုမာရီရာက ဩဂုတ်လအတွင်း စွပ်စွဲခဲ့ပြီးနောက် ဆရာတော်မက်ကာရစ်၏ အမှုမှာ ထင်ရှားလာခဲ့ခြင်းဖြစ်သည်။

ဆရာတော်ဗီဂါနို၏ လူသိရှင်ကြား ဖော်ထုတ်မှုအပြီးတွင် ကက်သလစ်ဘုန်းတော်ကြီးအချို့၏ လိင်ပိုင်းဆိုင်ရာစော်ကားမှု ခံခဲ့ရသူများကို ကိုယ်စားပြုသော အမေရိကန်အဖွဲ့အစည်းများက လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခံရသောကက်သလစ် ဘုန်းတော်ကြီးစာရင်းကို ထုတ်ပြန်ပေးရန် ဗာတီကန်ကျောင်းတော်ကို တောင်းဆိုခဲ့သည်။

ယင်းစွပ်စွဲချက်များကြောင့် ကက်သလစ်သာသနာအပေါ် ယုံကြည်သက်ဝင်သူများ စိတ်ရှုပ်ထွေးပူပန်စေမိကြောင်းသတိ ပြုမိပါသည်ဟု ပုပ်ရဟန်းမင်း၏ ကြေညာချက်တွင် ဖော်ပြထားပြီး လူ့အဖွဲ့အစည်းအတွင်း အရိုးသားဆုံးနှင့် အထိခိုက်အလွယ်ဆုံးသောသူများ နောင်အနာဂတ်တွင် ထိခိုက်မှုမရှိရန် ကာကွယ်ရေးမှာ ကျောင်းတော်၏ တာဝန်ဖြစ်သည်ဟု နားလည်ထားကြောင်းလည်း ပါရှိသည်။

F-03
 


  • VIA